4 icons

မြန်မာနိုင်ငံမြေယာစီမံအုပ်ချုပ်မှု

  • english

Open Development Myanmar ကပြုစုထုတ်ဝေလိုက်သော ယခုစာတမ်းတွင် မြေယာစီမံအုပ်ချုပ်မှု မည်သို့လုပ်ဆောင်သည် နှင့် မည်သည်တို့သည် အဓိက မဖြေရှင်းရသေးသောပြဿနာရပ်များ ဖြစ်သည် ဆိုသည်တို့ကို အကျဉ်းချုံးရှင်းပြထားသည့် အသုံးဝင်သောစာတမ်းဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်နိုင်ငံတော်သည်မြေယာအားလုံးကို အကြွင်းမဲ့ပိုင်ဆိုင်သူ ဖြစ်ကြောင်း ရှင်းလင်းစွားဖော်ပြထားပြီး နိုင်ငံသားများအား ပုဂ္ဂလိကပိုင်ဆိုင်ခွင့်ကို ဥပဒေ ပြဌာန်းချက်နှင့်အညီခွင့်ပြုရမည် ဟုဖော်ပြထားသည်။နိုင်ငံတော်ပိုင်သယံဇာတများကို စီးပွားရေး လုပ်ငန်းများထုတ်ယူ သုံးစွဲမှုကို ကြီးကြပ်ရမည်ဟုလည်းပါရှ်ိသည်။မြေယာကိစ္စရပ်များနှင့် ပတ်သက်၍ ပြည်ထောင်စုအဆင့်နှင့်ပြည်နယ်အဆင့် နှစ်ရပ်လုံးတွင် မြေယာစီမံခန့်ခွဲမှု ဥပဒေပေါင်း ၃၀ ကျော်ပြဌာန်းထားပြီး အနည်းဆုံးအစိုးရအဖွဲ့အစည်း ၂၀ ခန့်က ပါဝင်ပတ်သက် ဆောင်ရွက်နေကြသည်။တိုင်းရင်းသားလူမျိုးစုဒေသများတွင် ဒေသဆိုင်ရာအစိုးရများနှင့်စစ်ရေး ခေါင်းဆောင်များသည် မြေယာမူဝါဒအပေါ်တွင် သြဇာလွှမ်းမိုးနေကြသည်။ သာဓကအားဖြင့် ကေအန်ယူတွင် ၎င်းတို့ကိုယ်တိုင်ချမှတ်ထားသော မြေယာအသုံးချရေးမူဝါဒနှင့်မှတ်ပုံတင်ခြင်း ဆိုင်ရာ လုပ်ထုံးလုပ်နည်းများရှိသော်လည်း ပြည်ထောင်စုအစိုးရက အသိအမှတ်ပြုထားခြင်း မရှိပေ။မြေယာစီမံခန့်ခွဲမှုနှင့်ပတ်သက်၍ လုပ်ကိုင်တာဝန်ခံမှုအပိုင်းကိုခွဲခြားထားပြီး စိမ့်မြေ / မြေနိမ့် ကို လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက တာဝန်ယူရပြီး သစ်တောမြေ များကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက တာဝန်ခံရသည်။

၂၀၁၂ တွင်ပြဌာန်းလိုက်သော စိုက်ပျိုးနိုင်သောမြေနှင့်လစ်လပ်မြေ ၊ ပလပ်မြေနှင့်တောရိုင်း မြေများဆိုင်ရာ ဥပဒေများအား  ရင်းနှီးမြှုပ်နှံမှုမြင့်တက်လာစေရန် ရည်ရွယ်ပြဌာန်းခဲ့ခြင်းဖြစ်ပြီး လယ်ယာအသုံးချမှုမြင့် တက်စေရန်တွန်းအားပေးကာ စိုက်ပျိုးရေးဝင်ငွေတိုးမြင့်လာစေရန် ဖြစ်သည်။အဆိုပါဥပဒေများသည် မြေယာအနည်းငယ်သာပိုင်ဆိုင်သူများ၏ မြေယာပိုင်ဆိုင်မှု လုံခြုံမှုအပေါ် ရင်းနှီမြှုပ်နှံသူများ၏အကျိုး စီးပွားကိုအထောက်အပံ့ဖြစ်စေသည်ဟု ဝေဖန်ခြင်း ခံနေရပြီး တိုင်းရင်းသားဓလေ့ထုံးတမ်းများကို အသိ အမှတ်ပြုထားခြင်းမရှိပေ။ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကြီးစိုးသော ပြည်သူ့လွှတ်တော်က လူထုတိုင်ပင်ဆွေးနွေးမှု လုပ်ငန်းစဉ်တရပ်ကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်ခဲ့ပြီး မြေယာဥပဒေသစ်တရပ် ပြဌာန်းရန်လိုအပ်သည် ဟုဆိုကာ အမျိုးသားမြေယာအသုံးချရေးမူဝါဒမူဝါဒကို ၂၀၁၆ ဇန်န၀ါရီလတွင် အတည်ပြုခဲ့သည်။

Share.