KNU မြေယာမူဝါဒ

  • myanmar

မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးစုဒေသများအထူးသဖြင့် အလေးထားခြင်းမခံရသောလူများ၊ ကျေးရွာ များတွင် အသက်ရှင်ရပ်တည်ရေးနှင့်အသက်မွေးဝမ်းကျောင်းမှုများသည် လုံခြုံစိတ်ချရမှု၊ထိရောက် သောထိန်းချုပ်မှုနှင့် မြေယာ ၊ သစ်တောများ ၊ ရေ ၊ ငါးဖမ်းခြင်းနှင့်သဘာဝသယံဇာတများ ရေရှည်အသုံးပြု နိုင်ခြင်းအပေါ်တွင် အမှီ တည်လျှက်ရှိသည်။လူမှုပါဝင်ပတ်သက်ရေး၊နိုင်ငံရေးအရပါဝင်ဆောင်ရွက်ရေး (အထူးသဖြင့် ဖွံ့ဖြိုးရေးနှင့် ဆက်စပ်သော ဆုံးဖြတ်ချက်ချမှတ်မှုများတွင်)၊ယဉ်ကျေးမှုနှင့်အများ ပါဝင်သော ၀ိသေသများ အခြေခံ အုတ်မြစ်များချမှတ်ရေး၊ကျေးလက်နေသက်မွေးဝမ်းကျောင်းမှုများ  တည်ဆောက်ရေးအတွက် မရှိမဖြစ် လိုအပ်ပါသည်။

ယခုမှတ်တမ်းသည် ကေအန်ယူကပြုစုထားသော မြေယာမူဝါဒဖြစ်ပြီး ၂၀၁၆ အတွင်းကထုတ်ပြန် ခဲ့ခြင်းဖြစ်ကာ ကရင်လူ့အဖွဲ့အစည်း၏ ယဉ်ကျေးမှု၊ဓလေ့ထုံးတမ်းတို့ကိုထင်ဟပ်မှုရှိသော ကြိုးပမ်းမှု တရပ်ဖြစ်သည်။

Share.