ပြန်လည်ပေးအပ်ခြင်းဆိုသည့်စကားရပ်မှာ အမှန်တကယ်ပိုင်ဆိုင်သူအား မြေယာပြန်လည် ပေးအပ် ခြင်းကို ရည်ညွှန်းပါသည်။ လက်နက်ကိုင်ပဋိပက္ခများကြောင့်သော်လည်းကောင်း ၊ ဓလေ့ ထုံးတမ်း ဥပဒေ များကို အသိအမှတ်ပြုခြင်းမခံရသောကြောင့်သော်လည်းကောင်း ၊ မြေယာသိမ်းပိုက်ခြင်းခံရ သောကြောင့်သော်လည်းကောင်း မိမိတို့မြေယာများမှ စွန့်ခွာခဲ့ရသူအမြောက်အမြား မြန်မာနိုင်ငံ အနှံ့တွင်ရှိနေခြင်းရှိနေခြင်းနှင့်အတူ အစစ်အမှန်မြေယာပိုင်ဆိုင်ခြင်းအငြင်းပွားမှုများနှင့် ပတ်သက်၍ ပြဿနာရပ်များရှိနေပါသည်။

အစီရင်ခံစာသစ်တရပ်အရ

၂၀၁၅ အောက်တိုဘာလ ၁၅ နေ့ကချုပ်ဆိုခဲ့သော တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ပြဌာန်းချက်များ (NCA)ပုဒ်မ ၁ (ဋ)တွင် ပိုင်ဆိုင်မှုအခွင့်အရေးများအကြောင်း ရည်ညွှန်းချက်အများအပြား ပါဝင်ပါသည်။ ၂၀၁၆ အမျိုးသားမြေယာအသုံးချရေးမူဝါဒတွင်လည်း ပြန်လည်ပေးအပ်ရေးလုပ်ငန်းစဉ်မည်သို့လုပ်ဆောင်နိုင်သည်ဟူသော ယေဘူယျညွှန်ပြချက်ကို ဖော်ပြထားသည်။ ထို့ပြင် သိမ်းပိုက်ခံလယ်ယာမြေများဆိုင်ရာစုံစမ်းစစ်ဆေးရေးကော်မတီကဲ့သို့သော ပြန်လည်ပေးအပ်ရန်တောင်းဆိုမှုဖော်ထုတ်နိုင်ရန် အခြားလယ်ယာမြေဆိုင်ယာအဖွဲ့အစည်းများ ထူထောင်ထားရှိပြီးဖြစ်သည်။ နိုင်ငံတကာ အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့် ပြည်တွင်းအစိုးရ မဟုတ်သောအဖွဲ့အစည်းများကလည်း အတိတ်ကသိမ်းပိုက်ခံခဲ့ရသော လယ်မြေပိုင်ဆိုင်သူများ ၊ နေရပ်စွန့်ခွာခဲ့ရသူများ ၊ ဒုက္ခသည်များ၏အခွင့်အရေးများအကာအကွယ်ပေးရေးအတွက် ဦးဆာင် ပညာပေးမှုများ လုပ်ဆောင်နေကြသည်။ ထိုသို့သောကြိုးပမ်းအားထုတ်မှုများကို အားပေးအရေးတယူ ပြုသင့်ပါသည်။

ထိုသို့သောအကြောင်းအချက်များကြောင့် အိုးအိမ် ၊ မြေယာနှင့် ပိုင်ဆိုင်မှုအခွင့်အရေးများ ပြန်လည် ရရှိရေးအတွက် အလားအလာရှိသောရွေးချယ်ချက်များနှင့်ပတ်သက်၍ အစီရင်ခံစာ မူကြမ်းပြုစုနိုင်ရန် နေရာရွှေ့ပြောင်းမှုဖြေရှင်းရေး ( Displacement Solutions) အဖွဲ့နှင့်အတူ NRC သည်ပံ့ပိုးကူညီခဲ့ ပါသည်။ ထိုအစီဂင်ခံစာအတိုင်း မဖြစ်မနေလုပ်ဆောင်ရန်မဆိုလိုပဲ မြန်မာနိုင်ငံနှင့်နိုင်ငံသူ နိုင်ငံသား တို့အတွက်အကျိုးဖြစ်ထွန်းစေမည်ဖြစ်သော လက်ရှိအငြင်းပွားနေရသည့် ကိစ္စရပ်များအတွက် ကိရိယာတန်ဆာပလာအဖြစ်အသုံးချနိုင်လိမ့်မည်ဖြစ်ကာ ငြိမ်းချမ်းရေးနှင့် အမျိုးသားရင်ကြားစေ့ရေး ရေရှည်တည်ဆောက်နိုင်ရေးအတွက် အကျိုးရှိစေမည်ဟု မျှော်လင့်ပါသည်။

Share.