KNU-ကရင်အမျိုးသားအစည်းအရုံး ဖွဲ့စည်းတည်ထောင်ခြင်း နှစ် ၇၀ပြည့် အခမ်းအနားကို KNU ဗဟိုမှ ဦးဆောင်ပြီး ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်-KNLA ဗဟိုစစ်ဌာနချုပ်၊ သေ့ဘေ့ထာ့၌ ယနေ့ (ဖေဖော်ဝါရီ ၅ရက်)တွင် ပြုလုပ်ကျင်းပခဲ့ရာ လူပရိဿတ် ၂၀၀ခန့် တက်ရောက်ခဲ့ကြသည်။KNU နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပရခြင်းနှင့်ပတ်သက်၍ တွဲဖက်အတွင်းရေးမှူး(၁) ပဒိုစောသောသီဘွဲက “ဒီလိုနေ့တွေ ဟာ ဘယ်လိုပဲအခက်အခဲရှိပါစေ။ ကျင်းပကို ကျင်းပရမယ့် နေ့တစ်နေ့ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကရင်တစ်မျိုးသား လုံးအတွက် တန်ဖိုးဖြတ်မရတဲ့ နေ့တစ်နေ့ဖြစ်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။ အကြောင်းအရာအပြည့်အစုံဖတ်ရန် 

Share.

Comments are closed.