လာမယ့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ ကျင်းပဖို့ လျာထားတဲ့ ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံ ကို လာမယ့် မတ်လထဲမှာ ကျင်းပဖို့ ရွှေ့ဆိုင်းလိုက်တယ် လို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အဖွဲ့ဝင်ဖြစ်တဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောပါတယ်။အရင်က ဆိုင်းငံ့ထားဖို့ ဆုံးဖြတ်ခဲ့တဲ့ ချင်းအမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကို အခုလအတွင်း ကျင်းပဖို့ ခွင့်ပြုလိုက်တဲ့အတွက် ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံကို နောက်ဆုတ်လိုက်တာဖြစ်ပြီး အတိအကျကိုတော့ UPDJC က ထုတ်ပြန်မှာဖြစ်တယ်လို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောပါတယ်။ အကြောင်းအရာအပြည့်အစုံဖတ်ရန် 

Share.

Comments are closed.