4 icons

ကျွန်ုပ်တို့၏ ရည်ရွယ်ချက်မှာ တိုင်းရင်းသား ဒေသများ၏ ဝေးလံခေါင်သီသော နေရာများမှ သာမန်လူသားများ ၎င်းတို့ကိုယ်တိုင်အတွက် ပြောဆိုနိုင်ရန် အခွင့်အရေး တစ်ခု ဖန်တီးပေးရန် ဖြစ်သည်။ လူအများကြား ဆွေးနွေးမှုများပြုလုပ်ရာတွင် အမျိုးသမီးများ၏ အသံကို များစွာကြားရလေ့မရှိဟု ယူဆသောကြောင့် ကျွန်ုပ်တို့ အနေဖြင့် အမျိုးသမီးများ၏ ဘဝပေးအခြေအနေများအပေါ် တက်နိုင်သမျှ ပဓာန ထားလိုခဲ့သည်။ ကျွန်ုပ်တို့သည် ဒေသခံများကို စုစည်းရာတွင် တက်နိုင်သမျှ အမျိုးသမီးများ ပါဝင်နိုင်သမျှ ပါဝင်ရန် အားပေးခဲ့ရပြီး ယင်းတို့အား အခြေခံ “ နားထောင်ခြင်း” သင်တန်း(တိုင်းရင်းသား ငြိမ်းချမ်းရေး အရင်းအမြစ် စီမံချက် နားထောင်ခြင်း လက်စွဲ ရှု)နှင့် ဒီဂျစ်တယ် အသံသွင်းစက်ငယ်များ ပေးပြီး “ ဘဝ ဇာတ်ကြောင်းများ” စုဆောင်းပေးရန် ညွှန်ကြားခဲ့သည်။ ကျွန်ုပ်တို့ အနေဖြင့် မေးခွန်းမေးသူများ ကြားရသည့်အတိုင်း ဇာတ်ကြောင်းကို ပြောပြနိုင်ရန် ကြိုးပမ်းထားသဖြင့် စာဖတ်သူများအနေဖြင့် ဖော်ပြထားသော ဇာတ်ကြောင်းများ အပေါ် ကိုယ်ချင်းစာ စာနာသနားနိုင်လိမ့်မည်ဟု ကျွန်ုပ်တို့ မျှော်လင့်ပါသည်။

English version here

Share.

Comments are closed.