Browsing: ငြိမ်းချမ်းရေး အရင်းအမြစ်များ

List of Topics

မြန်မာနိုင်ငံတွင် အပစ်ခတ် ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၌ ပါဝင် ဆောင်ရွက်နေကြသော အဖွဲ့များ၊ အဖွဲ့အစည်းများနှင့် လူမှု အဖွဲ့ အစည်း များမှ ခေါင်းဆောင်များနှင့် ၀န်ထမ်းများ အသုံးပြုနိုင်ရန် အတွက် လိုအပ်သည့် သတင်း အချက်အလက်များနှင့် အခြားနိုင်ငံများတွင် ရှိသည့် အလားတူ ပြဿနာများနှင့် သက်ဆိုင်သော အချက်အလက် များကို ဖော်ပြ ပေးထားပါသည်။

Latest resources

ceasemonit1-s1 (1)အပစ်အခက်ရပ်စဲရေး လေ့လာစောင့်ကြည့်ခြင်း၏ ရည်ရွယ်ချက်မှာအုပ်စုများ အပစ်အခတ်ရပ်စဲရေးချိုးဖောက်ပြီး ပဋိပက္ခပြန်လည်မဖြစ်ပွားစေရန် တားဆီးရေးဖြစ်သည်။ ယခုအခန်းကဏ္ဍတွင် နိုင်ငံတကာမှ ဖြစ်ရပ်အမျိုးမျိုးအထူးအဖြင့် ဖိလစ်ပိုင်နိုင်ငံမင်ဒါနာအိုဒေသမှ အရပ်ဖက်နှင့်စစ်ဖက်လေ့လာစောင့်ကြည့်ရေးနည်းစနစ်များနှင့်ဆက်စပ်အယူအဆများကိုတင်ပြထားသည်။
cease3-s2 (1)အပစ်အခတ်ရပ်စဲခြင်းဆိုသည်မှာရန်လိုမှုများအဆုံးသတ်စေရန်နှင့် ပဋိပက္ခပြန်လည်ဖြစ် ပွားစေရန်၊ လက်နက်ကိုင်အုပ်စုများသဘောတူညီလက်မှတ်ရေးထိုးခြင်းဖြစ်သည်။ အပစ်အခတ် ရပ်စဲရေးသဘောတူညီချက်များတွင် ပဋိပက္ခများဖြစ်ပွားရခြင်း၏ အခြေခံအကြောင်းရင်းများကို ဖော်ပြထားခြင်းမရှိဘဲစစ်ရေးကိစ္စရပ်များကိုသာ အဓိကဖော်ပြလေ့ရှိသည်။ ယခုကဏ္ဍတွင် သုံးစွဲနေကျ ၀ါကျများနှင့်အခြားနိုင်ငံများမှအပစ်အခတ်ရပ်စဲရေးများကို နှိုင်းယှဉ်ဆွေးနွေးထားပါသည်။
negotiations-3 (1)အပစ်အခတ်ရပ်ဆဲရေးဆိုသည်မှာစစ်ပွဲတစ်ပွဲကို နှစ်ဘက်သဘောတူညီချက်များဖြင့် ခတ္တခဏယာယီ ရပ်ဆိုင်း ထားရခြင်းများသာဖြစ်သည်။  ထိုအပစ်အခတ်ရပ်ဆဲရေးများတွင် စာချုပ်စာတမ်းဖြင့် တရားဝင် သဘောတူညီ မှုများ ပါဝင်သလို အတိုက်အခံနှစ်အုပ်စုကြား သီးသန့်နားလည်မှုယူထားခြင်း မျိုးလည်း ပါဝင်ပါသည်။ မြန်မာ နိုင်ငံတွင် လွတ်လပ်ရေးရပြီးနောက်ပိုင်း အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ဆွေးနွေး ပွဲများ အရေအတွက် အတိုင်းအတာတစ်ခုအထိ ရှိခဲ့သော်လည်း ၁၉၈၉ခုနှစ် အစောပိုင်းကာလနှင့် ၂၀၁၁ ခုနှစ် တို့တွင်သာ တိုးတက် မှုကို တွေ့မြင်ခဲ့ရပေသည်။  ယခု တင်ပြမည့် ကဏ္ဍမှာ မြန်မာနိုင်ငံအတွင်း အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲ များအနက် ထင်ရှားသော ဆွေးနွေးပွဲများ အကြောင်းဖြစ်သည်။ အထူးသဖြင့် ၂၀၁၁ ခုနှစ်အတွင်း ဖြစ်ပေါ် ပြောင်းလဲမှုများနှင့် ရလဒ်များအပေါ် ဆွေးနွေးတင်ပြသွားမည်ဖြစ်ပါသည်။
census-s1 (1)လူဦးရေသန်းခေါင်စာရင်းကောက်ခံခြင်းလုပ်ငန်းစဉ်များမှာ မူဝါဒနှင့်စီမံကိန်းလုပ်ငန်းများအထောက်အပံဖြစ် စေရန်အလို့ငှာလူဦးရေနှင့် အိမ်ထောင်စုများအကြောင်းအချက်အလက်ကောက်ယူခြင်းဖြစ်သည်။ပဋိပက္ခဖြစ်စဉ်မှ ပေါ်ပေါက်လာသော နိုင်ငံများတွင်းသတင်းအချက်အလက်သည် အကဲဆတ်လှပြီးလူဦးရေသန်းခေါင်စာရင်းကောက် ယူရေးလုပ်ငန်းစဉ်များသည် အငြင်းပွားဖွယ်ဖြစ်နိုင်သည်
code2-s (1)ကျင့်ဝတ်စည်းကမ်းဆိုသည်မှာလက်နက်ကိုင်အုပ်စုအဖွဲ့ကြားပဋိပက္ခဖြစ်ပွားမှုအားဖြေရှင်းရန် တစ်ဦးနှစ်တစ်ဦးလက်ခံနိုင်သောသဘောတူညီချက်တစ်ရပ်ဖြစ်ပါသည်။
comviol2-s (1)အပြန်အလှန်အုပ်စုချင်းအကြမ်းဖက်မှုကို ၂၀၁၂ ခုနှစ်ကစတင်၍ မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာနှင့် မူဆလင်အသိုက်အမြုံအကြား ဖြစ်ပွားခဲ့သော ပဋိပက္ခကိုညွှန်းဆိုသည်။ယခုကဏ္ဍတွင် ထိုပဋိပက္ခနှင့် နိုင်ငံရေးအသွင်ကူးပြောင်းစဉ်ကာလ အတွင်း အကြမ်းဖက်မှုများ ခံစားကြုံတွေ့ခဲ့ရသော အခြားနိုင်ငံများ၏ သတင်းအချက်အလက်များကို ဖော်ပြထားသည်။
consult2-s1 (1)ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ဒေသခံများ ပူးပေါင်းပါဝင်ခြင်းသည် လူထု၏ စိုးရိမ်ပူပန်မှုများနှင့် မျှော်မှန်းချက်များကို ပိုမိုထင်ဟပ်နိုင်ပြီး တည်တံ့သော သဘောတူညီမှုများရရှိစေရန် အထောက်အပံ့ဖြစ်စေသည်။ရေရှည်တည်တံ့ ကျယ်ပြန့်သော ငြိမ်းချမ်းရေး ရရှိရေးအတွက် ဒေသခံလူထု ပူးပေါင်းပါဝင်ရေး အားကောင်းစေရန် အားထုတ်မှုများဆောင်ရွက်ရမည်ဖြစ်သည်။ယခုကဏ္ဍတွင် ပြုလုပ်ရမည့် နည်းလမ်းများကို ဖော်ပြထားပါသည်။
conflict-prevention-1 (1)ပဋိပက္ခဟန့်တားကာကွယ်ခြင်းဆိုသည်မှာ ပဋိပက္ခဖြစ်ပွားသည့်ဘေး ကြိုတင်ကာကွယ်ခြင်းနှင့် ရှောင်လွှဲခြင်း ကိုရည်ရွယ်သည့် အမျိုးမျိုးသော လုပ်ဆောင်ချက်များ ရည်ညွှန်းခေါ်ဆိုသည်။တင်းမာမှုနှင့် အငြင်းပွားမှုများမှ အရှိန် မြင့်တက်လာပြီး အကြမ်းဖက်မှုနှင့် လက်နက်ကိုင်အဖွဲ့များ အသုံးပြုမှုများ ဖြစ်မလာအောင် ဟန့်တားသည့်လုပ် ဆောင်ချက်များဖြစ်ပြီး အကြမ်းဖက်ပဋိပက္ခတွင် ပါဝင်ပတ်သက်ပေးနိုင်ဖွယ်ရှိသော အစုအဖွဲ့များကို ငြိမ်းချမ်းစွာဖြေ ရှင်းဆောင်ရွက်နိုင်ရန် စွမ်းရည်မြှင့်တင်ပေးခြင်းဖြစ်သည်။ကိစ္စရပ်များနှင့် အငြင်းပွားမှုများဖြစ်ပွားစေသော ပြဿနာ ရင်းမြစ်များကို တဖြည်းဖြည်းချင်း လျှော့ချပေးခြင်းလည်းဖြစ်သည်။
const2-s (1)ဖွဲ့စည်းပုံအခြေခံဥပဒေဆိုသည်မှာ နိုင်ငံရေးဆိုင်ရာအဖွဲ့အစည်းတခု၏အစိုးရမည်သို့လုပ်ဆောင်သည်ကိုရှင်းပြညွှန်းဆိုသောဥပဒေစံညွှန်းများစုစည်းချက်တခုဖြစ်သည်။ပုံမှန် အားဖြင့်ဖွဲ့စည်းပုံအခြေခံဥပဒေတွင်(က)နိုင်ငံတော်၏အင်စတီကျူရှင်းများသို့မဟုတ် အစိုးရဌာနများမည်သို့ဖွဲ့စည်းထားသည် (ခ)အဆိုပါဌာနများအသီးသီးအားမည်သည့် လုပ်ပိုင်ခွင့်အာဏာပေးအပ်ထားသည် နှင့်(ဂ)ထိုအာဏာကိုမည်သို့အသုံးချလုပ်ဆောင်သည် တို့ပါဝင်သည်။ မြန်မာနိုင်ငံတွင် ၁၉၄၇၊၁၉၇၄နှင့် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေများ ပြဌာန်းကျင့်သုံးခဲ့သည်။၂၀၀၈ အခြေခံဥပဒေအား မြန်မာနိုင်ငံရှိ ဒီမိုကရေစီအင်အားစုများ အပါအ၀င် တိုင်းရင်းသားလူမျိုးစုများကဆန့်ကျင်ခဲ့သည်။ယခုကဏ္ဍတွင် မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်းနှင့် အခြေခံဥပဒေများအား ပြန်လည်သုံးသပ်ခြင်း၊ပြင်ဆင်ခြင်း သို့မဟုတ် အစားထိုးခြင်းတို့အတွက် လုပ်ငန်းစဉ်များအကြောင်းဆွေးနွေးထားသည်။
ddr1-s (1)လက်နက်ဖြုတ်သိမ်းခြင်း၊ တပ်အင်အားလျှော့ချခြင်းနှင့် ပြည်နယ်ညီညွတ်ပေါင်းစည်းခြင်း (DDR) ဆိုသည်မှာလက် နက်ကိုင်ပဋိပက္ခကာလတစ်ခုဖြစ်ပြီးလူမှုအဖွဲ့အစည်းများအား စစ်ဒေသအဖြစ်မှရုတ်သိမ်းသောလုပ်ငန်းစဉ်များ  ဖြစ်သည်။ယခုကဏ္ဍတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များဖော်ဆောင်နေစဉ်အတွင်း DDR ညှိနှိုင်းဆွေးနွေးခြင်းနှင့် ပတ်သက်၍ လမ်း ညွှန်ပြသထားပြီး DDR လုပ်ငန်းစဉ်များအကြောင်း ရှင်းလင်းဖော်ပြထားသည်။
drugs2-s (1)ပဋိပက္ခသည် မူးယစ်ဆေးဝါးထုတ်လုပ်သုံးစွဲရေးအတွက် အခွင့်အလမ်းနှင့် တွန်းအားကိုဖန်တီးပေးသည်။ ပဋိပက္ခဖြစ်ပွားသောအခြေအနေများတွင် မူးယစ်ဆေးဝါးထုတ်လုပ်သုံးစွဲရန် တားဆီးထားသောတရားဥပဒေစိုးမိုးမှု လျော့ရဲလေ့ရှိပြီးစီးပွားရေးအုပ်စုများနှင့် လက်နက်ကိုင်အုပ်စုများအနေဖြင့် ၎င်းတို့လုပ်ငန်းများကိုဘဏ္ဍာငွေ အထောက်အပံ့ရရှိရန် မူးယစ်ဆေးဝါးလုပ်ငန်းမှတစ်ဆင့် လုပ်ဆောင်ရန်တွန်းအားများပေးနေသည်။ အခြားသောအခင်းအကျင်းများတွင် မူးယစ်ဆေးဝါးကိစ္စရပ်များနှင့် ပတ်သက်သောသတင်းအချက်အလက်များဖြည့်ဆည်းပေးရန်နှင့် အခြေအနေတိုးတက်ကောင်းမွန်ရေးအတွက် လုပ်ဆောင်နိုင်မည့်ကိစ္စရပ်များကိုယခုကဏ္ဍတွင် အကြံပြု တင်ပြထားသည်။
CREATOR: gd-jpeg v1.0 (using IJG JPEG v62), quality = 90 ယခုကဏ္ဍတွင် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များကိုနားလည်စေရန်နှင့် ၂၀၁၅ တွင် ကျင်းပရန် စီစဉ်ထားသည့် မြန်မာနိုင်ငံရွေးကောက်ပွဲများနှင့် ဆက်စပ်နေသောကိစ္စရပ်များကိုနားလည်စေရန် အကူအညီပေးထားပါသည်။
panglong-s3 (1)မြန်မာပြည်ရှိ တိုင်းရင်းသားအရေးကို အဖြေရှာခြင်း မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီးသည်မှ ပြည်တွင်းစစ်နှင့် ကြုံတွေ့ခဲ့ရသည်။ ဤအခန်း၌ဆယ်စုနှစ်များစွာ ကတည်းက ဖြစ်ပွားခဲ့သော ပဋိပက္ခအား ပိုမိုပြင်းထန်စေခဲ့သော တိုင်းရင်းသား လူမျိုးရေး မကျေနပ်မှုများ၏ သမိုင်းအခြေအမြစ်များကို ဖော်ပြထားပါသည်။
langedu2 (1)ယခုအကြောင်းအရာက မြန်မာနိုင်ငံပညာရေးစနစ်တွင် လမ်းညွှန်ဘာသာစကားအဖြစ် မိခင်ဘာသာစကားကို အသုံးပြုခြင်းသည် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးစုများအတွက် အရေးပါပုံကို လေ့လာတင်ပြထားသည်။ မူလတန်းပညာရေးအတွက် ပညာရေးတန်ဖိုးနှင့်ပတ်သက်၍ မိခင်ဘာသာစကားဖြင့် ဆုံးမသွန်သင်ရရှိနိုင်ပုံ ငြင်းခုံဆွေးနွေးချက်များ တင်ပြထားသည်။
self1-s (1)ပြည်တွင်းပဋိပက္ခများ ဖြစ်ပွားရခြင်း၏ အကြောင်းအများစုမှာ နိုင်ငံတော်၏ အခန်းကဏ္ဍ၊တည်ဆောက်မှု ပုံသဏ္ဍန်နှင့်မူဝါဒရေးရာများကြောင့်ဖြစ်ကြပြီး လူမှုရေးဆိုင်ရာ တရားမျှတမှု ကြောင့်လည်းဖြစ်သည်။လူမျိုးစုတိုင်းရင်းသားများပဋိပက္ခဖြေရှင်းရေးကိရိယာအဖြစ် အများအားဖြင့် ကိုင်စွဲလာသည့် အရာမှာကိုယ်ပိုင်အုပ်ချုပ်ခွင့်ဖြစ်သည်။Yashghai ။     ။ လူမျိုးစုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်။     ။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့်လူမျိုးစု။      ။လေ့လာဆန်းစစ်ရေးလုပ်ငန်းဘောင်ကန့်သတ်ချက်။     ။တည်းဖြတ်။     ။ YashGai  ။    ။ကိန်းဘရစ်တက္ကသိုလ်ပုံနှိပ်တိုက် ။    ။၂၀၀၀ခုနှစ်
ga-1 (1)ရေရှည်တည်တံ့သောငြိမ်းချမ်းရေး ရရှိနိုင်ရန်အတွက် အားလုံးပါဝင်မှု၊ လေးစားမှုနှင့် တန်းတူ ဆက်ဆံမှုများသည် လုပ်ငန်းစဉ်၏ အဆင့်တိုင်းတွင် ရှိရမည်ဖြစ်သည်။ အောက်ပါအချက်အလက်များသည် ပဋိပက္ခလွန်ကာလ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက်ကောင်းမွန်ရေးနည်းလမ်းအဖြစ် ကျားမဖြစ်တည်မှု ခွဲခြမ်းစိတ်ဖြာမှု အသုံးပြုရေးကို ဆွေးနွေးထားပါသည်။
ug-5-s (1)အမျိုးသမီးများသည် တင်းမာမှုများကို လျှော့ချနိုင်ပြီးအခြားကျယ်ပြန့်သော လူမှုအသိုင်းအ၀ိုင်းမှ အခြားအမျိုးသမီးများနှင့် ဆက်ဆံတွေ့ဆုံကာ လူမှုအဖွဲ့အစည်းတခုလုံး၏ လိုအပ်ချက်ကို ပုံဖော်ပြနိုင်ပါသည်။
aid2-s (1)လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ဆောင်ချက်များသည် သဘာဘေးအန္တရာယ်များ သို့မဟုတ် ပဋိပက္ခကဲ့သို့ လူသားတို့လုပ်ဆောင်သည့် အရေးပေါ်ကိစ္စရပ်များတွင် လူသားတို့၏အသက်ကို ကယ်တင်ရန်နှင့် ဆုံးရှုံးမှု နည်းအောင်ဆောင်ရွက်သော ရေတိုတုန့်ပြန်လုပ်ဆောင်ချက်ဖြစ်သည်။ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ချက်များမှာ အင်စတီကျူးရှင်းများ ပိုမိုခိုင်မာစေရန်၊ ဖွံ့ဖြိုးတိုးတက်ရန်နှင့် လူသားတို့၏နေထိုင်စားသောက်မှု တိုးတက်ကောင်းမွန် လာစေရန် ဆောင်ရွက်ရသည့် ရေရှည်လုပ်ငန်းစဉ်များဖြစ်သည်။ ယခုကဏ္ဍတွင် ပဋိပက္ခနှင့် ထိရှလွယ်သောနိုင်ငံများ အတွင်း လူသားချင်းဆိုင်ရာ စာနာထောက်ထားမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်မှုကို နိုင်ငံတကာစံများ၊ ပဋိပက္ခ အကဲခတ်လွယ်မှုအပေါ် လမ်းညွှန်ချက်များနှင့် တာဝန်ရှိသော အကူအညီများအတွက် မူဝါဒများနှင့်တကွ ရှင်းလင်း ဖော်ပြထားသည်။
indigenous-land-rights1-2-300x192ဒေသခံဌာနေတိုင်းရင်းသားများ၏မြေယာပိုင်ဆိုင်ခွင့်များ ဆိုသည်မှာ ဒေသခံတိုင်းရင်းသားများသည်၎င်းတို့၏ မြေယာများကို တဦးချင်းဖြစ်စေ၊စုပေါင်း၍ဖြစ်စေ ပိုင်ဆိုင် ခွင့်များဟူ၍ ရှင်းလင်းကူစွာ ဖွင့်ဆိုနိုင်သည်။ယခုခေါင်းစဉ်တွင် ဒေသခံဌာနေတိုင်းရင်းသားများ၏ အခွင့်အရေးများအကြောင်း သတင်းအချက်အလက်များ ဖြည့်ဆည်း ပေးထားပြီး  မြန်မာနိုင်ငံရှိ တိုင်းရင်းသား လူမျိုးစုအဖွဲ့အစည်းများတို့၏ မြေယာပိုင်ဆိုင်ခွင့်များ သေချာလေ့လာစုံစမ်းရာတွင် ဒေသခံဌာနေတိုင်းရင်းသားများ၏ ရင်ဆိုင် ကြုံတွေ့မှုသည် သက်ဆိုင်မှုရှိကြောင်း တွက်ယူကာဒေသခံတိုင်းရင်းသားများ၏ မြေယာပိုင်ဆိုင်ခွင့်များကို အထူးအလေးထားဖော်ပြထားသည်။
laws2-s2 (1)နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေဆိုသည်မှာ လက်နက်ကိုင်ပဋိပက္ခ၏ သက်ရောက် မှုများကို ကန့်သတ်ရန်အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြောင်းတရားအရ ပြဋ္ဌာန်းထားခြင်းဖြစ် သည်။ ရန်လိုတိုက်ခိုက်မှုများတွင် မပါဝင်သူ သို့မဟုတ် ပါဝင်ပတ်သက်ခြင်းမရှိသူများအား အကာအကွယ်ပေးထားပြီး စစ်ဆင်ရေးနည်းနာများကို ထိန်းချုပ်ကန့်သတ်ထားသည်။
mediation-s2ကြားဝင်ဖျန်ဖြေပေးခြင်း ဆိုသည်မှာ အငြင်းပွားမှု သို့မဟုတ် ပဋိပက္ခ တခုဖြစ်ပေါ်နေသော အစုအဖွဲ့နှစ်ခုကြားသဘောတူညီမှု တစ်ခုရရှိစေရန် ထောက်ပံကူညီပေးရသော တတိယ တစ်စုပါဝင်သည့် လုပ်ငန်းစဉ်ဖြစ်သည်။ ယခုခေါင်းစဉ်အောက်တွင် ကြားဝင်ဖျန်ဖြေမှုပုံစံအမျိုးမျိုး အထူးသဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်၍ သီအိုရီနှင့် နည်းလမ်းများကို ဖော်ပြထားပါသည်။
mines3-s2 (1)မိုင်းရှင်းလင်းရေးဆိုသည်မှာမိုင်းနှင့်ပေါက်ကွဲစေတတ်သောစစ်လက်ကျန်ပစ္စည်းများကြောင့် လူမှုရေး၊ စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင်ရေးရာထိခိုက်မှုတို့ကိုလျှော့ချရန်ရည်ရွယ်သည့် လုပ်ငန်းဆောင်တာများဖြစ်သည်။ မိုင်းအန္တရာယ်ပညာပေးခြင်း၊ လူသားအသုံးပြု၍ မိုင်းရှာဖွေဖော်ထုတ်ခြင်း၊ ဘေးဒဏ်သင့်သူများအားအကူအညီပေးရေး၊ အမြောက်အမြားသိုလှောင်ထားမှုအားဖျက်ဆီးခြင်းနှင့် နင်းမိုင်းအသုံးပြုမှု ပညာပေးရေးအပါအ၀င်ဤလုပ်ငန်းဆောင်တာများအကြောင်းရှင်းပြထားသည့် သတင်းအချက်အလက်များကိုယခုကဏ္ဍတွင်ဖော်ပြထားသည်။
CREATOR: gd-jpeg v1.0 (using IJG JPEG v62), quality = 95 ၂၀၁၂ ကစတင်ခဲ့သော မြန်မာငြိမ်းချမ်းရေးလုပ်ငန်းစဉ် အဆင့်တိုင်းနှင့် ဆက်စပ်လျှက်ရှိသော အသစ်ဖြစ်ပေါ်မှုများနှင့် လေ့လာအကဲဖြတ်ချက်များယခုကဏ္ဍတွင် ပါဝင်သည်။
land3-s (1)မြေယာနှင့်သဘာဝရင်းမြစ်များသည် ပဋိပက္ခဖြစ်ပွားတည်တံ့စေနိုင်သော ရုတ်တရတ်အပြောင်းအလဲကိစ္စ တစ်ရပ်ဖြစ်သည်။ ယခုကဏ္ဍတွင် ကွဲရှလွယ်ပြီး ပဋိပက္ခထိစပ်သက်ရောက်နေသော အခင်းအကျင်းများတွင် မြေယာ ပိုင်ဆိုင်မှုနှင့် သဘာဝရင်းမြစ်များနှင့် ဆက်စပ်နေသည့် နိုင်ငံတကာအတွေ့အကြုံကို ဖော်ပြထားသည်။ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် ဓနခွဲဝေမှုအကြောင်း လမ်းညွှန်ချက်လည်းဖြစ်သည်။
mining-s (1)မြန်မာနိုင်ငံတွင် တိုင်းရင်းသားဒေသများသည် သဘာဝသယံဇာတကြွယ်ဝစွာရှိနေသော်လည်း ဖွံ့ဖြိုးမှုအနိမ့် ကျဆုံးဒေသများတွင် ပါဝင်နေသည်။တိုင်းရင်းသားလူမျိုးစု လူဦးရေသည် လူမှုဖူလုံရေးအရ တိုင်းတာကြည့်လျှင် နိမ့်ကျနေပြီး ရာဇ၀တ်မှုနှင့် အလွဲသုံးစားပြုလုပ်မှုများ ပိုမိုကြုံတွေ့ရဟန်ရှိသည်။
negotiations-6စေ့စပ်ညှိနှိုင်းခြင်းသည် အုပ်စုနှစ်ခု သို့မဟုတ် ထိုထက်ပိုများသည့် အုပ်စုများ သဘောတူညီမှုတခုရရှိအောင် ကြိုးပမ်းသော လုပ်ငန်းစဉ်တခုဖြစ်သည်။ဆိုင်တစ်ဆိုင်တွင် ပစ္စည်းဈေးနှုန်းညှိနှိုင်းယူမှုတခုကဲ့သို့ ရိုးစင်းသလို စစ်ပွဲတပွဲ အဆုံးသတ်ရန် အုပ်စုအများအပြား ညှိနှိုင်းရသလိုမျိုးလည်း ရှုပ်ထွေးနိုင်သည်။ သဘောတူညီမှုမရရှိနိုင်တော့သည့်အခါစေ့စပ်ညှိနှိုင်းနေသောအုပ်စုများသည် မိမိတို့လိုချင်သည့် ပန်းတိုင်ရောက်အောင် အခြားနည်းလမ်းများဖြစ်သော ဆန္ဒပြမှုများ၊ ကြားဝင်ဖျန်ဖြေမှု၊ ဥပဒေကြောင်းရတို့အပြင် စစ်မက်ဖြစ်ပွားသည်အထိ ဖန်တီးလုပ်ဆောင်လာလေ့ရှိသည်။
peace-s1 (1)ငြိမ်းချမ်းရေးတည်ဆောက်ခြင်းဆိုသည်မှာ ရေရှည်တည်တံ့သောငြိမ်းချမ်းရေး ဖန်တီးဖော်ဆောင်ရင်း အကြမ်းဖက်ပဋိပက္ခများစတင်ဖြစ်ပွားရန် သို့မဟုတ် ပြန်လည်အစပြုရန်များကိုတားဆီးရန်အတွက် ပုံဖော်ထားသော ကြားဝင်ဆောင်ရွက်မှုများကို သရုပ်ခွဲဖော်ပြသည့် အသုံးအနှုံးတခုဖြစ်သည်။ငြိမ်းချမ်းရေးတည်ဆောက်ခြင်းလုပ်ငန်းများသည် ပဋိပက္ခဖြစ်ပွားစေသည့် အခြေခံအကြောင်းများသို့မဟုတ် အလားအလာရှိသောအကြောင်းအရင်းများကိုဖော်ထုတ်ပြီး ငြိမ်းချမ်းသောပဋိပက္ခဖြေရှင်းရေးအတွက် လူမှုရေးမျှော်မှန်းချက်ဖန်တီးဖော်ဆောင်ခြင်းနှင့် လူ့အဖွဲ့အစည်းအား နိုင်ငံရေးအရနှင့် လူမှုစီးပွားရေးအရတည်ငြိမ်မှုရှိအောင် ဖန်တီးလုပ်ဆောင်ရေးဖြစ်သည်။အဓိပ္ပါယ်အတိအကျမှာ ကိုင်တွယ်သူအပေါ်မူတည်၍ ကွဲပြားနိုင်ပြီးအချို့အဓိပ္ပါယ်ဖွင့်ဆိုချက်များမှာ ငြိမ်းချမ်းရေးတည်ဆောက်ခြင်းနယ်ပယ်အတွင်း မည်သည့်လုပ်ငန်းများပါဝင်သည်ဟု ပြဌာန်းထားခြင်း သို့မဟုတ် ပဋိပက္ခလွန်ကာလ ကြားဝင်ဆောင်ရွက်ခြင်းများအတွက် ငြိမ်းချမ်းရေးတည်ဆောက်ခြင်းကိုကန့်သတ်ထားခြင်းများလည်းရှိသည်။
pb-1 (1)ကျား/မဖြစ်တည်မှုခွဲခြမ်းစိတ်ဖြာရေးသည် ပဋိပက္ခ၊ အပစ်ရပ်၊ ငြိမ်းချမ်းရေးကာလအတွင်း ယောကျာင်္းနှင မိန်းမတို့၏ အတွေ့အကြုံများကို သိရှိခွင့်ရနိုင်ပြီး ပဋိပက္ခနှင့်ငြိမ်းချမ်းရေး ကာလတွင်းနှင့် ငြိမ်းချမ်းရေးနှင့် ပဋိပက္ခတို့ကြောင့် ယောကျာင်္း၊ မိန်းမတို့ ဆက်ဆံရေးများ မည်သို့ပြောင်းလည်းသွားနိုင်ပုံကို ဖော်ပြပေးနိုင်ပါသည်။
dial1-s2 (1)မြန်မာနိုင်ငံအမြင်အရ နိုင်ငံရေးစကားတွေ့ဆုံဆွေးနွေးမှုဆိုသည်မှာ အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသား လက် နက်ကိုင် အဖွဲ့များနှင့် အခြားငြိမ်းချမ်းရေးနှင့် ဆက်စပ်နေသော အဖွဲ့များအကြား ညှိုနှိုင်းဆွေး နွေးမှုဖြစ်စဉ်ဖြစ် ပြီး၊ မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်များ၏ အဓိကအကြောင်းများကို ဖြေရှင်းရန် ဖြစ်သည်။  ယင်းမှာ အပြစ်အခတ် ရပ်စဲမှုဖြစ်စဉ်နှင့် ကွဲပြားပြီး ယင်းဖြစ်စဉ်နှင့် တည်ဆောက်ထားကာ ရန်လိုမှုများ အဆုံးသတ်မှုကို ရှာရန်သာမ က၊ နိုင်ငံရေးစကား တွေ့ဆုံဆွေးနွေးမှုအရ အဖြေများကို ညှိုနှိုင်း၍ အခြေအနေများ စတင်နိုင်ရန် ဖြစ်သည်။
reconc-s1 (1)ပြန်လည်ရင်ကြားစေ့ရေးနှင့်တရားမျှတမှုဆိုင်ရာ လုပ်ငန်းစဉ်များသည် လက်နက်ကိုင်ပဋိပက္ခကာလများနောက်ပိုင်း ရေရှည်ကုသရေးအတွက် အထောက်အပံ့ဖြစ်စေပြီး အချို့သောကိစ္စရပ်များအတွက် ရာဇ၀တ်မှုကျူးလွန်သူများအား ရှာဖွေဖော်ထုတ်ရန် အထောက်အကူဖြစ်စေသည်။ယခုကဏ္ဍတွင် အခြားသောဖြစ်ရပ်များမှ ပြန်လည်ရင်ကြားစေ့ရေးနှင့်တရားမျှတမှုဆိုင်ရာ လုပ်ငန်းစဉ် အမျိုးမျိုးအကြောင်း ဖော်ပြထားပါသည်။
idps-s (1)ဒုက္ခသည်များနှင့် ပြည်တွင်းအိုးအိမ်ပြောင်းရွှေ့ခံရသူများ (IDP) သည် သဘာဝဘေးအန္တရာယ်များ၊ ပဋိပက္ခ သို့မဟုတ် အခြားသောအကျပ်ရိုက်မှုများကြောင့် အခြားနိုင်ငံများ သို့မဟုတ် မိမိနိုင်ငံအတွင်း ရွှေ့ပြောင်းနေထိုင်သူ များဖြစ်သည်။ ယခုခေါင်းစဉ်အောက်တွင် ဒုက္ခသည်နှင့် ပြည်တွင်းအိုးအိမ်ပြောင်းရွှေ့ခံရသူများဆိုသည်ကို အဓိပ္ပာယ် ဖွင့်ဆိုပြထားပြီး ၎င်းတို့၏အခွင့်အရေးကို အကာအကွယ်ပေးထားသော သဘောတူညီချက်များနှင့် ဥပဒေကြောင်းများ အကြောင်း ဖော်ပြထားသည်။
ssr10-s2 (1)လုံခြုံရေးကဏ္ဍရပ်ပြုပြင်ပြောင်းလဲခြင်းသည် တပ်မတော်၊ ရဲတပ်ဖွဲ့နှင့်အခြားလုံခြုံရေးတပ်ဖွဲ့များအစိုးရမဟုတ်သောလက်နက်ကိုင်များ၏ပရော်ဖက်ရှင်နယ်ဆန်ခြင်းနှင့် လုံခြုံမှုရှိ သော ပတ်ဝန်းကျင်ဖြစ်ထွန်းစေရေးအတွက်ကောင်းမွန်သောအုပ်ချုပ်မှု၊ တရားဥပဒေစိုးမိုးရေး မြှင့်တင်ဆောင်ရွက်ခြင်းကိုညွှန်းဆိုသည်။
self5-s (1)ကိုယ်ပိုင်ပြဌာန်းမှုသည် နိုင်ငံတကာနှုံးစံတွင် ထည့်သွင်းပါရှိသော အခွင့်အရေးတရပ်ဖြစ်သည်။ယခုကဏ္ဍတွင် မြန်မာနိုင်ငံရေးနှင့် ဆက်စပ်အခြေအနေတွင် ထိုနှုံးစံများဆက်နွယ်နေမှုကို ရှင်းပြထားပြီး အချက်အလက်များ ပေးထားပါသည်။
es-1-s-3-300x203ယခုကဏ္ဍတွင် ပြီးခဲ့သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် အမျိုးသမီးများ ပါဝင်ပတ်သက်မှုကို သုံးသပ်ထားပါသည်။ အမျိုးသမီးများ ပါဝင်ပတ်သက်မှုကြောင့် အပြုသဘော ဆောင်သော ရလာဒ် ထွက်ပေါ်လာမှုကို နားလည်သဘောပေါက်စေရန် ဂွါတီမာလာ၊ မြောက်အိုင်ယာလန်နှင့် ကင်ညာနိုင်ငံတို့မှ သုံးသပ်လေ့လာချက် ၃ ခုကို အသုံးတည့်မည့် ဥပမာအဖြစ် တင်ပြထားပါသည်။