Browsing: မွန်ဘာသာဖြင့်ရေဒီယို

မွန်ဘာသာဖြင့်ရေဒီယိုအစီအစဉ်များ။ ။ EPRP မွန်ရေဒီယိုအဖွဲ့မှထုတ်လုပ်တင်ဆက်သော သတင်းများ၊တွေ့ဆုံမေးမြန်းခန်း၊ပြဇာတ်များ၊တိုင်းရင်းသားဒေသခံများအကြောင်း၊တိုင်းရင်းသားဒေသများနှင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအကြောင်း။

1 2
မွန်ဘာသာဖြင့်ရေဒီယို radio-mon-30-26aug2016-2a

EPRP

ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံးကို မွန်ပြည်သစ်ပါတီမှလည်း ကန့်ကွက်ပေးရန်တိုက်တွန်းတဲ့ သတင်း ၂၁ ရာစု ပင်လုံညီလာခံကို မွန်ပြည်သစ်ပါတီမှ တက်ရောက်မည်လား ဆိုတဲ့သတင်း မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေအတွင်းရှိ ဒုက္ခသည်သုံးသောင်းခွဲလောက် စာနပ်ရိက္ခာ ခက်ခဲတဲ့ သတင်းတွေနဲ့ ကုန်ဈေးနှုန်း မြင့်တက်နေတဲ့ အကြောင်းအရာ ဆွေးနွေးချက်တွေ ၂၁ ရာစုအပေါ် မွန်နိုင်ငံရေး လေ့လာသူတွေရဲ့ မျှော်လင့်ချက်အမြင်တွေနဲ့ မွန်အမျိုးသားကွန်ဖရင့် အခမ်းအနားနဲ့ပတ်သက်တဲ့ ဆောင်းပါးတွေကိုလည်း နားဆင်ရမှာဖြစ်ပါတယ်။   LISTEN on Soundcloud DOWNLOAD (click right & select “ Save link as” )

မွန်ဘာသာဖြင့်ရေဒီယို radio-mon-29-19aug2016a1

EPRP

မွန်ပြည်နယ်အတွင်း လောင်းကစားဝိုင်းများပပျောက်အောင် ပြည်နယ်ရဲမှူး ညွှန်ကြားတဲ့သတင် လူ့အခွင့်အရေး ဖောင်ဒေရှင်းမှ “လူမသိ သူမသိဘဝများ” အစီရင်ခံစာ မိတ်ဆက်ပွဲကျင်းပသတင်း ကွန်ဖရင့် တက်ရောက်ရန် မြို့နယ်အဆင့် AMDP ပါတီဝင်များ ဗဟိုကို စာတင်တဲ့ သတင်းတွေနဲ့ ရေဘေးအန္တရာယ်နဲ့ပတ်သက်တဲ့ ဆွေးနွေးချက်တွေအပြင် ဘယ်လိုလူမျိုးကိုမှ စည်ပင်ဝန်ကြီးအဖြစ် ရွေးချယ်သင့်သလဲဆိုတဲ့ ပြည်သူ့အသံတွေနဲ့ မွန်တော်လှန်ရေးနေ့ အခမ်းအနား သတင်းဆောင်းပါးကိုလည်း နားဆင်ရမှာ ဖြစ်ပါတယ်။   LISTEN on Soundcloud DOWNLOAD (click right & select “ Save link as” )

မွန်ဘာသာဖြင့်ရေဒီယို radio-mon-28-12aug2016-1a

EPRP

မွန်အမျိုးသားကွန်ဖရင့်ကို အခုလ ၂၂ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ ကျင်းပသွားမည် သတင်း ရွေ့ပြောင်းအလုပ်သမား ၇၀၀ ကျော်ကို အိမ်ထောင်စု စာရင်း ထုတ်ပေးလိုက်တဲ့ သတင်း MCL စက်ရုံက လုပ်ငန်းစရိတ်မရသဖြစ် ကုမ္ပဏီတွေ ပြည်နယ်လွှတ်တော်ကို တိုင်ကြားတဲ့ သတင်းတွေနဲ့ မွန်ပြည်နယ်အတွင်း ယခုနှစ် သွေးလွန်တုတ်ကွေး ရောဂါ ဖြစ်ပွားမှုအခြေအနေတွေနဲ့ ပတ်သက်တဲ့ ဆွေးနွေးချက်တွေအပြင် မွန်အမျိုးသားကွန်ဖရင့်အပေါ် ပြည်သူတွေ ဘာတွေမျှော်လင့်ထားသလဲ ဆိုတဲ့ ပြည်သူ့အသံတွေနဲ့ (ပင်လုံ) မှာ ကျင်းပခဲ့တဲ့ Ethnic Youth Conference ကို မွန်လူငယ်ကိုယ်စားပြုအဖြစ် တက်ရောက်ခဲ့တဲ့ (နိုင်တော်ပနအောင်) ကို မေးမြန်ထားတဲ့ မေးမြန်ချက်တွေကိုလည်း နားဆင်ရမှာ ဖြစ်ပါတယ်။   LISTEN on Soundcloud DOWNLOAD (click right & select “ Save link as” )

မွန်ဘာသာဖြင့်ရေဒီယို mon-radio-program27-5august2016-1

EPRP

ကျာက်မီးသွေးသုံး ဘိလပ်မြေစက်ရုံနဲ့ပတ်သက်ပြီး ပြည်သူ့လွှတ်တော်မှာ မေးခွန်းမေးမြန်ထားတဲ့သတင်း သက်တမ်းတိုးထားခြင်းမရှိဘဲ ကျောက်ထုတ်လုပ်နေသည့် ကုမ္ပဏီတွေကို စစ်ဆေးအရေးယူမယ့်သတင မွန်ပြည်နယ်လွှတ်တော်နဲ့ ဋ္ဌာနဆိုင်ရာ ၈ ခုတို့ တွေ့ဆုံခဲ့တဲ့ သတင်းတွေအပြင် “ပြည်တွင်းမှာ လူကုန်ကူးခံရတဲ့” ဆွေးနွေးချက်တွေ နှစ်စဉ် ပေါင်မြို့နယ်မှာရေကြီးမှုကြောင့် လယ်ကွင်တွေ ရေနစ်မြုပ်မှုဖြစ်နေတဲ့အပေါ် ဒေသခံတွေရဲ့ အမြင်နဲ့ ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံအတွင်း အလုပ်လုပ်နေတဲ့ အလုပ်သမားတစ်ဦးနဲ့ မေးမြန်ထားတဲ့ မေးမြန်ချက်တွေကိုလည်း နားဆင်ရမှာ ဖြစ်ပါတယ်။   LISTEN on Soundcloud DOWNLOAD (click right & select “ Save link as” )

မွန်ဘာသာဖြင့်ရေဒီယို eprpradiologo4(final)square

EPRP

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကို အသိအမှတ်ပြုတဲ့ စာတစ်ဆောင် ပေးပို့ပေးဖို့ မွန်ပြည်သစ်ကိုတောင်းဆိုတဲ့ သတင်း မွန်ပြည်နယ် နယ်လုံဝန်ကြီးက ရွာသားကို ပစ်ခတ်လိုက်တဲ့ မွန်ပြည်သစ်ပါတီဝင်ကို ကရင်ပြည်နယ်ရဲတပ်ဖွဲ့ထံ ပေးအပ်ဖို့ တောင်းဆို MCL ဘိလပ်မြေစက်ရုံမှ သဘာဝပတ်ဝန်ကျင်ဆိုင်ရာ စမ်းသပ်မှုပြုလုပ်တဲ့ သတင်းတွေနဲ့ ပင်လုံမြို့မှာ ကျင်းပနေတဲ့ တိုင်းရင်းလူငယ်ညီလာခံအကြောင်း ဆွေးနွေးချက်တွေ မွန်ပြည်နယ်က အခြေခံမွန်လူထူတွေရဲ့ စီးပွားရေးနဲ့ လက်ရှိ အခြေအနေတွေအပြင် MCL ဘိလပ်မြေစက်ရုံရဲ့ ဖြစ်ပေါ်နေတဲ့ ဆိုးကျိုးတွေနဲ့ ပတ်ဝန်ကျင်ဒေသက ပြည်သူတွေရဲ့ အကြောင်း သတင်းဆောာင်းပါးတွေကိုလည်း နားဆင်ရမှာ ဖြစ်ပါတယ်။   LISTEN on Soundcloud DOWNLOAD (click right & select “ Save link as” )

မွန်ဘာသာဖြင့်ရေဒီယို eprpradiologo4(final)square

EPRP

မွန်ပြည်နယ်ဝန်ကြီးချုပ်က ဝန်ကြီး ဋ္ဌာန (၂) ကို တာဝန်ပြန်ပြီး လွှဲပြောင်းပေမယ့် သတင်း လေ့ကျင့်ရေးစခန်းကျောင်းက ပစ်လိုက်တဲ့ ဗုံးဆန်မပေါက်ကွဲတဲ့အတွက် ရွာသားတွေ စိတ်ပူနေတဲ့သတင်း MCL စက်ရုံးအတွက် ကျောက်မီးသွေး တန်ချိန် ၃ သောင် တင်သွင်းနေတဲ့ သတင်းတွေနဲ့ “ဖက်ဒရယ်ပြည်ထောင်စုဆိုတာဘာလဲ၊ ဘယ်လိုတည်ဆောက်ရမလဲ ?” ဆိုတဲ့ ဆွေးနွေးချက်တွေ ၂၁ ရာစု ပင်လုံညီလာခံကို တက်ခွင့်ရမယ်ဆိုရင် ဘယ်လိုအချက်တွေကို တင်ပြဆွေးနွေးချင်သလဲ ဆိုတဲ့ မေးမြန်ချက်တွေအပြင် ပြည်နယ်အစိုးရက အကောင်အထည်ဖော်လိုက်တဲ့ ရက် ၁၀၀ စီမံကိန်းနဲ့ ပတ်သက်တဲ့ သတင်းဆောင်းပါးတွေကိုလည်း နားဆင်ရမှာဖြစ်ပါတယ်။   LISTEN on Soundcloud DOWNLOAD (click right & select “ Save link as” )

မွန်ဘာသာဖြင့်ရေဒီယို eprpradiologo4(final)square

EPRP

ထိုင်နိုင်ငံကို လူကုန်ကူခံရသူ ၂၁ ဦး မြန်မာနိုင်ငံကို ပြန်လည် ပေးအပ်တဲ့ သတင်း မွန်ပြည်သစ်ပါတီနဲ့ ပတ်သက်တဲ့ သတင်းနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို အိမ်ထောင်စု စာရင်း ၂၄၀ လောက် ထုတ်ပေးသွားမယ့် သတင်းတွေအပြင် အာဇာနည်နေ့နဲ့ ပတ်သက်တဲ့ ဆွေးနွေးချက်တွေ အစိုးရကနေ ဖော်ဆောင်လိုက်တဲ့ ရက် ၁၀၀ စီမံကိန်းအပေါ် ပြည်သူတွေအတွက် ဘာအကြိုးသက်ရောက်မှုရှိလည်း ဆိုတဲ့ ပြည်သူတွေရဲ့ အမြင်တွေနဲ့ ပြည်နယ်အစိုးရနဲ့ ပြည်နယ် လွှတ်တော်အကြာက ဖြစ်ပေါ်နေတဲ့ ဆက်ဆံရေး အခြေအနေ သတင်းဆောင်းပါးတွေကိုလည်း နားဆင်ရမှာ ဖြစ်ပါတယ်။   LISTEN on Soundcloud DOWNLOAD (click right & select “ Save link as” )

မွန်ဘာသာဖြင့်ရေဒီယို eprpradiologo4(final)square

EPRP

ဇင်းကျိုက်ရေတံခွန်ပတ်ဝန်းကျင်းကို Alcoholic and Drug Free Zone လုပ်ရန်စီစဉ်တဲ့သတင်း ရေးမြို့နယ်တွင် လှုပ်ရှားနေသည့် မွန်ခွဲထွက်ရေးအဖွဲ့ လက်နက်ချတဲ့ သတင်း ရေလုပ်သားများကို တရားဝင်း အလုပ်သမားမှတ်ပုံတင် ထုတ်လုပ်ပေးသည့်သတင်း အမျိုးသားမွန်ပညာရေးကျောင်း မူဝါဒ ပြန်လည်ရေးဆွဲတဲ့ သတင်းတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံသွားပြီးတဲ့နောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် ဘာတွေအပြောင်းအလဲ ဖြစ်လာနိုင်မလဲဆိုတဲ့ ဆွေးနွေးချက်များ၊ ယခုခေတ်ပညာရေးစနစ်နဲ့ ကျူရှင်ရဲ့ အခန်းကဏ္ဍ ပပျောက်သွားအောင် ဘယ်လို လုပ်ဆောင်သင့် မလည်းဆိုတဲ့ အမြင်သဘောထားတွေနဲ့ အစိုးရရဲ့ ရက် ၁၀၀ စီမံကိန်းမှာပါဝင်နေတဲ့ ရွေ့ပြောင်းအလုပ်သမာတွေကို အိမ်ထောင်စုစာရင်း ထုတ်ပေးမယ့် သတင်းဆောင်းပါးတွေကိုလည်း နားဆင်ရမှာဖြစ်ပါတယ်။   LISTEN on Soundcloud DOWNLOAD (click right & select “ Save link as” )

မွန်ဘာသာဖြင့်ရေဒီယို eprpradiologo4(final)square

EPRP

ရွေ့ပြောင်းအလုပ်သမားတွေကို အိမ်ထောင်စုစာရင်း ထုတ်ပေးသည့်ကိစ္စရပ်နဲ့ပတ်သက်ပြီး မွန်အမျိုးသားပါတီက ပြည်နယ် ဝန်ကြီးချုပ်ထံ အိတ်ဖွင့်ပေးစာပို့ မွန်အလှူရှင်များ စုပေါင်းပြီး မွန်အမျိုးသားပညာရေးကျောင်းတွင် ကျောက်သင်ပုန်း လှူဒါန်း ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံနဲ့ ပတ်သက်ပြီး ပြည်သူတွေရဲ့ ဆန္ဒ စစ်တမ်းကောက်ယူ တဲ့ သတင်းတွေနဲ့ ကျူရှင်ပညာရေးစနစ်နဲ့ ပတ်သက်တဲ့ ဆွေးနွေးချက်များ၊ လာမဲ့ ၂၁ ရာစု ပင်လုံမှာ မွန်အမျိုးသားပါတီက NCA လက်မှတ်မထိုးရသေးတဲ့အတွက် ဘာအခက်အခဲတွေ ဖြစ်လာနိုင်မလဲ ဆိုတဲ့ အမြင်တွေနဲ့ ကွမ်းစားသုံးမှုကြောင့် ကျန်းမာရေးနဲ့ လူမှုရေး အပေါ် ဖြစ်လာနိုင်မဲ့ ဆိုးကျိုးတွေအကြောင်း သတင်းဆောင်းပါးကိုလည်း နားဆင်ရမှာ ဖြစ်ပါတယ်။ LISTEN on Soundcloud DOWNLOAD (click right & select “ Save link as” )

မွန်ဘာသာဖြင့်ရေဒီယို eprpradiologo4(final)square

EPRP

မွန်လူငယ်တွေ စုပေါင်းပြီး ပထမဆုံးအကြိမ် မူးယစ်ဆေးဝါ အန္တရာယ်တိုက်ဖျက်ရေးနဲ့ တရားမဝင် ရောင်ဝယ်မှု တားစီးရေးနေ့ ပြုလုပ်မည့်သတင်း ဒေသအသီးသီးက မွန်ရှေးဟောင်းကျောက်စားများကို ပုံတူကူးယူ၍ မွန်ပြည်နယ်တွင် ထားရှိမည့် သတင်း ဘန်ကောက်တွင် အလုပ်ရှားပေးမည်ဟု လိမ်လည်ခေါ်ယူပြီး အမျိုးသမီး ၂ ဦး အဓမ္မပြုခံရတဲ့ သတင်းတွေနဲ့ သိမ်းဆည်းခံထားရသည့် လယ်ယာမြေများနှင့် လယ်ယာမြေအသုံးပြုခွင့် ဥပဒေအကြောင်း ဆွေနွေးချက်တွေ မွန်ပြည်သစ်ပါတီက ထောက်ပံ့ငွေကောက်ယူတာနဲ့ပတ်သက်ပြီး ပြည်သူတွေရဲ့ အသံတွေအပြင် ၂၁ ရာစု ပင်လုံ ညီလာခံမှာ မွန်လူမျိုးတွေရဲ့ အသံတစ်သံထဲ ထွက်ပေါ်လာစေဖို့ မွန်ပြည်သစ်ပါတီက ဦးဆောင်ပြီး မွန်လူမှုအဖွဲ့အစည်းများနဲ့ မွန်နိုင်ငံရေးပါတီတွေနဲ့ လိုက်လံတွေ့ဆုံနေတဲ့ အကြောင်းအရာ တွေကိုလည်း နားဆင်ရမှာပါ။ LISTEN on Soundcloud DOWNLOAD (click right & select “ Save link as” )

မွန်ဘာသာဖြင့်ရေဒီယို eprpradiologo4(final)square

EPRP

ပထမအကြိမ် မွန်ပြည်သစ်ပါတီနဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့ တွေ့ဆုံကြတဲ့သတင်း ကျိုက်မရောဘက်မှာ မွန်ပြည်သစ်ပါတီကနေ ထောက်ပံ့ကြေးတောင်းခံနေတဲ့သတင်း မွန်အမျိုးသားပညာရေးကျောင်းနဲ့ ပတ်သက်တဲ့ သတင်းတွေအပြင် မွန်အမျိုးသားပညာရေးကျောင်းနဲ့ပတ်သက်တဲ့ ဆွေးနွေးချက်တွေ  လက်ရှိ အစိုးရကနေ အကောင်အထည်ဖော်နေတဲ့ အခမဲ့ပညာရေးစနစ် ရေရှည် အောင်မြင်နိုင်မလားဆိုတဲ့ ပြည်သူတွေရဲ့ အမြင်တွေနဲ့ မွန်ပြည်သစ်ပါတီက ဦးဆောင်ပြုလုပ်မည် ပါတီပေါင်းစည်းရေးအကြောင်း သတင်းဆောင်းပါးတွေကို လည်း နားဆင်ရမှာ ဖြစ်ပါတယ်။   LISTEN on Soundcloud DOWNLOAD (click right & select “ Save link as” )

မွန်ဘာသာဖြင့်ရေဒီယို eprpradiologo4(final)square

EPRP

 မွန်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ရက် ၁၀၀ စီမံကိန်းနဲ့ပတ်သက်တဲ့ အကြောင်း  မွန်ပြည်နယ်လွှတ်တော်မှ အထူးအစည်းအဝေး ခေါ်ယူတဲ့ သတင်း  မွန်အမျိုးသားပါတီရဲ့ ဒုဥက္ကဌ နေရာကို ပြန်လည်ရွေးချယ်တဲ့ သတင်း  မွန်ပြည်နယ် အကျဉ်းထောင်မှာ မူယစ်ဆေးဝါ ဖမ်းမိတဲ့ သတင်းတွေနဲ့  မွန်ပြန်နယ် အစိုးရရဲ့ ရက် ၁၀၀ စီမံကိန်းနဲ့ပတ်သက်ပြီး ဆွေးနွေးထားတဲ့ ဆွေးနွေးချက်တွေ (၂၁) ရာစု ပင်လုံညီလာခံနဲ့ပတ်သက်ပြီး CSO တွေရဲ့ အမြင်သဘောထားတွေနဲ့  ယခုပညာသင်နှစ်မှာ တိုင်းရင်းသားစာပေနဲ့ပတ်သက်ပြီး အစိုးရစာသင်ကျောင်းတွေမှာ ဘယ်လို ပြင်ဆင်ထားမှုတွေရှိလည်း ဆိုတဲ့ သတင်းဆောင်းပါးတွေကိုလည်း နားဆင်ရမှာ ဖြစ်ပါတယ်။   LISTEN on Soundcloud DOWNLOAD (click right & select “ Save link as” )

မွန်ဘာသာဖြင့်ရေဒီယို eprpradiologo4(final)square

EPRP

 လင်မယား ရန်ဖြစ်ရာကနေ ဗုံးပေါက်ပြီ လူ သုံးဦး သေဆုံးတဲ့သတင်း  အလုပ်ကနေ ပြန်လာတဲ့ အဖေနဲ့ သမီးနှစ်ယောက် အက်ဆစ်နဲ့ အပက်ခံရတဲ့သတင်း လျှပ်စစ်မီး မရှိသေးတဲ့ ရေးမြို့နယ်အတွက် ဓါတ်အားလိုင်း သွယ်တန်းဖို့ ပြင်ဆင်နေတဲ့သတင်း  ကျားဖောင်နဲ့ မျောလာတဲ့ ရေလုပ်သား ၁၀ ယောက်ကို ကယ်တင်ခဲ့တဲ့ သတင်းတွေနဲ့ ရာစု ပင်လုံညီလာခံနဲ့ ပတ်သက်ပြီး မွန်နိုင်ငံရေးသမားတွေရဲ့ အမြင်တွေ  ယခုနှစ် ပညာရေးစနစ်ပြောင်းလဲလာတဲ့ အပေါ် ဆွေးနွေးချက်တွေနဲ့  သွေးလွန်တုပ်ကွေးရောဂါ မဖြစ်အောင် ဘယ်လို ကြိုတင်ကာကွယ် ရမလဲဆိုတဲ့ သတင်းဆောင်းပါး တွေကိုလည်း နားဆင်ရမှာ ဖြစ်ပါတယ်။   LISTEN on Soundcloud DOWNLOAD (click right & select “ Save link as” )

မွန်ဘာသာဖြင့်ရေဒီယို eprpradiologo4(final)square

EPRP

 မွန်ပြည်နယ်အစိုးရရဲ့ ရက် တစ်ျရာ စီမံကိန်းအကြောင်း ရှင်းလင်းပေးမဲ့ သတင်း  မွန်ပြည်နယ်ဝန်ကြီးချုပ်နဲ့ မွန်ပြည်သစ်ပါတီ ဒုဥက္ကဌတို့ တွေ့ဆုံကြတဲ့သတင်း  တိုင်းရင်းသားရေရာ ဝန်ကြီးဌာနနဲ့ ပတ်သက်တဲ့ သတင်းတွေနဲ့  မွန်ပြည်နယ်က အခက်အခဲဖြစ်နေတဲ့ ကျောင်းသားတွေကို NLD က ထောင့်ပံ့ပေးသွားမဲ့ သတင်းတွေအပြင်  ရာသီဥတု အပြောင်းအလဲမှာ ဖြစ်နိုင်တဲ့ ရောဂါတွေနဲ့ ပတ်သက်တဲ့ ဆွေးနွေးချက်တွေ မွန်နိုင်ငံရေးပါတီ ပေါင်းစည်းဖို့အတွက် မွန်ပြည်သစ်ပါတီကဖွဲ့စည်းလိုက်တဲ့ ကော်မတီနဲ့ပတ်သက်ပြီး ပြည်သူတွေရဲ့ အမြင်သဘော ထားအပြင်  ယခုနှစ် ရာသီဥတုကြောင့် ဆားအထွက်နှုန်းတိုးတဲ့ သတင်းဆောင်းပါးတွေကိုလည်း နားဆင် ရမှာဖြစ်ပါတယ်။   LISTEN on Soundcloud DOWNLOAD (click right & select “ Save link as” )

မွန်ဘာသာဖြင့်ရေဒီယို eprpradiologo4(final)square

EPRP

 မွန်နိုင်ငံရေးပါတီတွေ ပေါင်းစည်းရေးအတွက် မွန်ပြည်သစ်ပါတီက ကော်မတီတစ်ရပ် ဖွဲ့စည်းတဲ့သတင်း ကျိုက်ထီးရိုး ဘုရားပေါ်က အမှိုက်ပြသနာနဲ့ ပတ်သက်တဲ့ သတင်း ဘီးလူးကျွန်း (ချောင်းဆုံမြို့နယ်) နဲ့ပတ်သက်တဲ့ သတင်းတွေနဲ့ အယ်နီညို ရာသီဥတုနဲ့ပတ်သက်ပြီး ပြည်သူတွေအပေါ် အကျိုးသက်ရောက်မှုတွေ ဆွေးနွေးထားတဲ့ ဆွေးနွေးချက်တွေ (၄) တန်းနဲ့ (၈) တန်း ရှုံးကျောင်းသားတွေ ကုစားစာမေးပွဲ ဖြေဆိုရတဲ့အပေါ် ကျောင်းသားမိဘတွေ၊ ဆရာမတွေနဲ့၊ ပညာရေး လေ့လာသူတွေရဲ့ အမြင်သဘောထားတွေနဲ့ မွန်ပြည်နယ် ချောင်းဆုံက လက်မှုပညာပန်းပုလုပ်ငန်း နည်းပါးလာတဲ့ အကြောင်းတွေကို နားဆင်ရမှာ ဖြစ်ပါတယ်။   LISTEN on Soundcloud DOWNLOAD (click right & select “ Save link as” )

မွန်ဘာသာဖြင့်ရေဒီယို eprpradiologo4(final)square

EPRP

သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့ စီမံကိန်းတွေကို ရပ်ဆိုင်းတဲ့အထိ အရေးယူသွားမယ်ဆိုတဲ့ သတင်း မွန်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်အတွင်း အခွန်ကြွေးကျန်နေတဲ့ နာမည်ကြီးလုပ်ငန်းရှင် ၂၀ လောက်ရှိတဲ့ သတင်း မွန်ပြည်နယ်က စတုတ္ထတန်းနဲ့ အဋ္ဌမတန်း ရှုံးသူတွေကို ပြန်လည်ကုစား စာမေးပွဲဖြေဆိုခွင့်ပေးတဲ့ သတင်း MCL စက်ရုံစစ်ဆေးဖို့ ဘဏ္ဍာရေး၊ စီမံကိန်းနဲ့ စီးပွားရေးဆိုင်ရာ ကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မတီကို တာဝန်ပေးအပ်တဲ့ သတင်းတွေနဲ့ ကျိုက်ထီးရိုးဘုရားတောင်ပေါ်က အမှိုက်ကိစ္စ ဆွေးနွေးချက်တွေအပြင် လာမယ့် မွန်အမျိုးသားညီလာခံ အပြီးမှာ မွန်နိုင်ငံရေးအခြေအနေအပြောင်းအလဲအပေါ် မျှော်လင့်ချက်တွေနဲ့ မွန်ပြည်နယ် နေရာအတော်များများမှာ ရေရှားပါးနေတဲ့ အကြောင်းအရာတွေကို နားဆင်ရမှာ ဖြစ်ပါတယ်။   LISTEN on Soundcloud DOWNLOAD (click right & select “ Save link as” )

မွန်ဘာသာဖြင့်ရေဒီယို eprpradiologo4(final)square

EPRP

 မေလမှ စပြီး မီးမပျက်အောင် ဆောင်ရွက်လျှက်ရှိကြောင်း လျှပ်စစ်ဝန်ကြီးပြောဆိုလိုက်တဲ့သတင်း MCL စက်ရုံကို သွားရောက် စစ်ဆေးရန် ရှိကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်ကျင် ထိန်းသိမ်းရေး ဝန်ကြီးပြောဆိုလိုက်တဲ့သတင်း ယခု ဘဏ္ဍာရေးနှစ်တွင် မွန်ပြည်နယ်အစိုးရ အထွေထွေ အသုံးစရိတ် ကျပ်သန်းပေါင်း ၇ သောင်းခန့်ရရှိတဲ့ သတင်း မွန်ပြည်နယ်ဝန်ကြီးချုပ်က လဝက ဌာနကို သွားရောက်စစ်ဆေးဖို့ ရှိတယ် ဆိုတဲ့ သတင်းတွေနဲ့ ပေါင်မြို့နယ်က ကျောက်မိုင်းကိစ္စနဲ့ ပတ်သက်တဲ့ ဆွေးနွေးချက်တွေ မီးခနခန ပျက်နေတဲ့ အပေါ် ပြည်သူတွေရဲ့ အခက်အခဲတွေကို ရင်ဖွင့်ထားတဲ့ ပြည်သူအသံတွေနဲ့ မွန်ပြည်နယ်က ထွက်ရှိတဲ့ ရာဘာ (သို့) ရွှေဖြူအကြောင်း တွေကို နားဆင်ရမှာ ဖြစ်ပါတယ်။   LISTEN on Soundcloud DOWNLOAD (click right & select “ Save link as” )

မွန်ဘာသာဖြင့်ရေဒီယို eprpradiologo4(final)square

EPRP

၂၀၁၅ -၁၆ ဘဏ္ဍာနှစ်အတွက် မွန်ပြည်နယ်အတွက် အခွန်ငွေ သန်းပေါင်း ၁၄၀၀၀ ကျော် ရရှိတဲ့သတင်း မွန်အမျိုးသားညီလာခံနဲ့ပတ်သက်တဲ့သတင်း ကျိုက်ထီးရိုးဘုရားပတ်ဝန်ကျင်မှာ စွန့်ပစ်နေတဲ့ အမှိုက်ကိစ္စနဲ့ပတ်သက်ပြီး ပြည်နယ်ဝန်ကြီးက တိုက်ရိုက် ကိုင်တွယ်သွားမဲ့ သတင်း ပေါင်မြို့နယ်က ရွာပေါင်း ၁၇ လောက် ရေရှားပါနေတဲ့သတင်း ဒုတိယအကြိမ် မော်လမြိုင်မှ ပြုလုပ်တဲ့ အနုပညာပြပွဲ သတင်းတွေနဲ့ မွန်အမျိုးသားညီလာခံကို မွန်နှစ်ပါတီ မတက်ရောက်ဘူးဆိုရင် အနှစ်သာရ အပြည့်အဝ ရှိနိုင်မလားဆိုတဲ့ ဆွေးနွေးချက်တွေ အခုလက်ရှိ ပြည်သူတွေ ကြုံတွေ့နေရတဲ့ ရေရှာပါးပြသနာတွေနဲ့ ယခုခေတ် အမျိုးသမီးငယ်တွေ မြန်မာဝတ်စုံ ပိုဝတ်လာတာနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို နားဆင်ရမှာဖြစ်ပါတယ်။   LISTEN on Soundcloud DOWNLOAD (click right & select “ Save link as” )

မွန်ဘာသာဖြင့်ရေဒီယို eprpradiologo4(final)square

EPRP

မွန်အမျိုးသားညီလာခံကို မွန်နိုင်ငံရေးပါတီ ၂ ပါတီမှ တက်ရောက်မှာ မဟုတ်ဘူးဆိုတဲ့ သတင်း သင်္ကြန်အတွင်း ဖြစ်ပျက်ခဲ့သည့် သတင်းစုစည်းမှုတွေနဲ့ အလှမယ် မအိဖြိုးသွယ်ရဲ့ ဈာပနာကို ပိန္နဲကုန်း သုသာန်မှာ ပြုလုပ်လိုက်တဲ့ သတင်း အပြင် သင်္ကြန်မှာ လူငယ်တွေ ယဉ်ကျေးမှုမရှိပဲ ရေကစာကြတဲ့ ဆွေးချက်တွေ သင်္ကြန်အတွက် လူငယ်တွေရဲ့ ပြင်ဆင်ချက်ဘယ်လို ရှိလည်းဆိုတဲ့ အသံတွေနဲ့ မွန်ရိုးရာ တစ်ခုဖြစ်တဲ့ ကုသိုလ်ပြုနှိုးဆော်ချက် တွေနဲ့ပတ်သက်အကြောင်းအရာတွေကို နားဆင်ရမှာ   LISTEN on Soundcloud DOWNLOAD (click right & select “ Save link as” )

မွန်ဘာသာဖြင့်ရေဒီယို eprpradiologo4(final)square

EPRP

ပြည်နယ်အစိုးရဝန်ကြီး ၆ ဦးကို ပြည်နယ်လွှတ်တော်က အတည်ပြုလိုက်တဲ့သတင်း ပြည်နယ်ဝန်ကြီးချုပ် အမည်စာရင်းကို ဝန်ကြီးစာရင်းမှာ တင်သွင်းတာနဲ့ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေ ပြန်လည်ထောက်ပြတဲ့ သတင်း ပြည်သူနှစ်ဦး အပစ်ခတ်ခံလိုက်ရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်အောင် စစ်ဆေးသွားမယ်လို့ နယ်လုံက ပြောဆိုလိုက်တဲ့ သတင်းတွေနဲ့ လက်ရှိ အသစ်ခန့်အပ်လိုက်တဲ့ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးစာရင်းတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးထားတဲ့ ဆွေးနွေးချက်တွေ ပြည်နယ်အစိုးရရဲ့ ရက် ၁၀၀ သက်တမ်းအတွင် ပြည်သူတွေက ဘယ်အလုပ်ကို ပထမဆုံး အကောင်အထည်ဖော် စေချင်တာနဲ့ ပတ်သက်တဲ့ အသံတွေ၊ မွန်ရိုးရာ သင်္ကြန်ထမင်းနဲ့ အတာသင်္ကြန်က ခွဲခြားလို့မရနိုင်ဘူးဆိုတဲ့ ဆောင်းပါးတွေကို နားဆင်ရမှာ ဖြစ်ပါတယ်။   LISTEN on Soundcloud DOWNLOAD (click right & select “ Save link as” )

1 2