4 icons

Browsing: ကျားမ ဖြစ်တည်မှု

EPRP သည်မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင်တိုင်းရင်းသားလူမျိုးစုများ ပါဝင် ဆောင်ရွက်ရေး အတွက်စွမ်းအားမြှင့်ပေးရန်နည်းလမ်းရှာဖွေလျက်ရှိပါသည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အမျိုးသမီးများပါဝင်ဆောင်ရွက်ရေးနိမ့်ကျနေမှုကို EPRP ကအသိအမှတ်ပြုထားခဲ့ပါသည်။2013 မေလမှ 2014 ဇွန်လအထိ EPRP ဆောင်ရွက်ခဲ့သောအဆင့် ၁ ကဏ္ဍတွင်အမျိုးသမီးများ ပိုမိုပါဝင်ဆောင်ရွက်ရေးအတွက် EPRP အနေဖြင့်မည်သို့လုပ်ဆောင်ရမည်ကိုအတိုင်ပင်ခံပညာရှင်ဒေါက်တာခင်မာမာကြည်နှင့်ဆက်သွယ်ဆောင်ရွက်ခဲ့ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်းအမျိုးသမီးများအတွက်အရေးပါသည့်ကိစ္စရပ်များသေချာစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။အကျိုးဆက်အားဖြင့် ၀က်ဘ်ဆိုက်စာမျက်နှာတွင်ကျားမဖြစ်တည်မှုကိစ္စရပ်အပေါ်အလေးထားတင်ပြမှုပါဝင်ရန်EPRP အနေဖြင့်ကြိုးပမ်းလုပ်ဆောင်ခဲ့ပါသည်။အဆင့် ၁ ကဏ္ဍအပြီးတွင်ကျားမတန်းတူညီမျှမှုကိစ္စရပ်များ၏ အရေးပါမှုကိုသိရှိနားလည်မှုမြှင့်တင်ရန် EPRP အနေဖြင့်လုပ်ဆောင်ပေးရန်လည်းလိုအပ်ပြီး အမျိုးသမီးများအားစွမ်းရည်ပြည့်စေရန် လုပ်ငန်းဆောင်တာများလုပ်ဆောင်ရမည်ကို သိရှိနားလည်ခဲ့ပါသည်။ အဆင့် ၁ ကဏ္ဍတွင်လူ့အသိုက်အမြုံများအတွက်သတင်းအချက်အလက် ဖြန့်ဖြူးပေးနိုင်ရန်အလို့ငှာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (EAO) ၏ ဆက်ဆံရေးရုံးများကိုအထောက်အပံ့ပေးခဲ့သော်လည်းအဆင့် ၁ ကဏ္ဍအပြီးတွင်ဆက်ဆံရေးရုံးများသည်လည်း ၎င်းတို့ပြည်သူလူထု၏အသံကိုနားထောင်ရန် နည်းလမ်းလိုအပ်လျက်ရှိသည်ကိုတွေ့ရပါသည်။သို့အတွက် EPRP ကြားနာရေးပရောဂျက်ကိုဦးတည်လာခဲ့ပါသည်။ ကြားနာရေးပရောဂျက်သည် ဒေသခံတိုင်းရင်းသားများ ကျားမအကဲဆတ်မှုကိစ္စရပ်များကို နားထောင်သောသူဖြစ်လာစေရန် သင်ကြားပေးပြီး ထိုမှတဆင့် ၎င်းတို့အနေဖြင့်လူများကိုတွေ့ဆုံမေးမြန်းနိုင်ပြီး (အထူးသဖြင့်အမျိုးသမီးများအား) ၎င်းတို့၏တွေ့ဆုံကြုံတွေ့ရမှုများကိုမှတ်တမ်းတင်နိုင်ပါလိမ့်မည်။ ဒေါက်တာခင်မာမာကြည်ဦးဆောင်ပြုလုပ်ခဲ့သည့် လုပ်ငန်းဆောင်တာများမှာအမျိုးမျိုးဖြစ်သော်လည်း ကျားမဖြစ်တည်မှုသိရှိနားလည်သဘောပေါက်ရေး လှုပ်ရှားမှုအတွက် အရေးပါလာမည့်အထူးကိစ္စရပ်များမှာ ကျားမအကဲဆတ်မှု ကြားနာမှု၊ကျားမဖြစ်တည်မှုသိရှိနားလည်သဘောပေါက်မှုနှင့် အမျိုးသမီးစွမ်းရည်မြှင့်တင်ရေးတို့ကိုအထူးအလေးပေးသင်ကြားပေးခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲများ၏ အချို့အသေးစိတ်အချက်အလက်များကို ယခုစာမျက်နှာတွင်ဖော်ပြထားသည်။

gender-listening-project-300x193ယခုကဏ္ဍတွင် EPRP ၏ကျား မ ဖြစ်တည်မှုသိရှိနားလည်သဘောပေါက်ရေး၊အမျိုးသမီးအခွင့်အလမ်းပိုမိုရရှိရေးနှင့်သက်ဆိုင်သော ကဏ္ဍများပါဝင်သည်။
women-are-welcomed-eprp-cartoon-arkar-8dec2014-eng-300x219ကျား/မ ကွဲပြားမှူနှင့်ဆက်စပ်သောပြပွဲများ၊ကွန်ဖရင့်များ အစရှိသည်ဖြင့်...