4 icons

Browsing: ကျားမဖြစ်တည်မှု ရင်းမြစ်များ

သည်။EPRP ၏ကျား/မ ဖြစ်တည်မှုနှင့်ဆက်စပ်သောလုပ်ငန်းဆောင်ရွက်ချက်များကို ကျားမဖြစ်တည်မှု ကဏ္ဍတွင်ဝင်ရောက်ကြည့်ရှုနိုင်ပါ
သည်။ကျား/မဖြစ်တည်မှုနှင့်ဆက်နွယ်သောသတင်းအချက်အလက်များကို ငြိမ်းချမ်းရေးအရင်းအမြစ် များစာမျက်နှာတွင်လည်းတွေ့ရှိနိုင် ပါသည်။ ( ကျားမဖြစ်တည်မှုရင်းမြစ်များအမှတ်တံဆိပ်ကိုရှာကြည့်ပါ ။  )

ကျားမဖြစ်တည်မှု ရင်းမြစ်များ newg

DVB

အမျိုးသမီးအဖွဲ့ ၁၃ ဖွဲ့နဲ့ ပူးပေါင်းဖွဲ့စည်းထားတဲ့ အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)ရဲ့ ၉ ကြိမ်မြောက် ညီလာခံကိုထိုင်းနိုင်ငံချင်းမိုင်မြို့မှာ ၃ ရက်ကြာကျင်းပခဲ့ပြီးခေါင်းဆောင်သစ်တွေကိုရွေးချယ်လိုက် ပါတယ်။အကြောင်းအရာအပြည့်အစုံဖတ်ရန်

ကျားမဖြစ်တည်မှု ရင်းမြစ်များ WLB-Logo

KIC News

ငြိမ်ချမ်းရေး၊ တရားမျှတရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပေါ်ထွန်းရေးအပေါ်အခြေခံသည့် ရှေ့လုပ်ငန်းစဉ်များကိုအဓိကဦးတည်လုပ်ဆောင်သွားရန် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် မတ်လ ၁၆ ရက်မှ ၁၈ ရက်နေ့အထိ ပြုလုပ်သည့် နဝမအကြိမ် အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)-WLB ၏ ညီလာခံတွင်ဆုံးဖြတ်ခဲ့သည်ဟု WLB၏ တွဲဖက် အထွေထွေအတွင်းရေးမှူး-၁ နော်ဆဲဆဲကကေအိုင်စီသို့ ပြောသည်။ အကြောင်းအရာအပြည့်အစုံဖတ်ရန်

ကျားမဖြစ်တည်မှု ရင်းမြစ်များ Group-photo-of-women-seminar (1)

DVB

ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အမျိုးသမီးတွေ ဒီထက်ပိုမိုပါဝင်ဆွေးနွေးခွင့်ရရှိဖို့နဲ့ နိုင်ငံရေးဆိုင်ရာ အရေးကြီးကဏ္ဍတိုင်းမှာ ကရင်အမျိုးသမီးတွေက ကဏ္ဍအလိုက် ပိုမိုပါဝင်ဆွေးနွေးသွားမယ်လို့ ကရင်အမျိုးသမီး နှီးနှောဖလှယ်ပွဲအပြီး ကရင်အမျိုးသမီးထုက ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ အကြောင်းအရာအပြည့်အစုံဖတ်ရန်

ကျားမဖြစ်တည်မှု ရင်းမြစ်များ %e1%81%83

The Irrawaddy

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များ၌ အမျိုးသမီးများ ပါဝင်မှုနှင့် ပတ် သက်၍ အစိုးရနှင့် အရပ်ဘက်အဖွဲ့အစည်းများကြား ဆွေးနွေးပွဲတရပ်ကို ယနေ့ နေပြည်တော်ရှိ သင်္ဂဟဟိုတယ် တွင် ပြုလုပ်သည်။ အကြောင်းအရာအပြည့်အစုံဖတ်ရန်

ကျားမဖြစ်တည်မှု ရင်းမြစ်များ 1-6 copy

Irrawaddy

လူမှုရေးပြဿနာတချို့ကြောင့် လူစည်ကားရာနေရာတွေနဲ့ အများပြည်သူသုံး ယာဉ်လိုင်းတွေပေါ်မှာအမျိုးသမီး တွေ အကြမ်းဖက်ခံရတာတွေ၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခံရတာတွေ မကြာခဏ ဖြစ်ပွား လျက် ရှိနေပါတယ်။ ဒါဟာမြန်မာနိုင်ငံလူဦးရေရဲ့ ထက်ဝက်ကျော်ရှိတဲ့ အမျိုးသမီးတို့ဘ၀ လုံခြုံမှုမရှိဘူးဆိုတာကို ပြသနေတာဖြစ်ပြီး ဒီလို ကာယအိနြေ္ဒ နှောင့်ယှက်ခံရမှုတွေကို ရပ်တန့်ဖို့ ဘယ်လိုနည်လမ်းတွေနဲ့ ဆောင်ရွက်သင့်နေပြီလဲ ဆိုတာ အရေး တကြီး အဖြေရှာဖို့ အချိန်တန်နေပါပြီ။

ကျားမဖြစ်တည်မှု ရင်းမြစ်များ women karen

Irrawaddy

ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းများကို အကြီးအကျယ် လုပ်ကိုင်နေတဲ့ ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ယခင်စစ်အစိုးရ လက်ထက်က လုပ်ပိုင်ခွင့်ပေးထားတဲ့ ကုမ္ပဏီတွေက လုပ်ငန်းက ထွက်ရှိလာတဲ့ အကျိုးအမြတ်တွေကို လက်ဝါးကြီး အုပ်ထားတာကြောင့် ဒေသခံတွေအတွက် အကျိုးအမြတ် တစုံတရာမှ မရရှိဘဲ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းက ထွက်ရှိလာတဲ့ ဘေးထွက်ဆိုးကျိုးတွေကိုလည်း ခံစားနေရပါတယ်။ သတ္တုတွင်းဝန်ကြီးဌာက ထုတ်ပြန်ထားတဲ့ စာရင်းများအရ ဖားကန့်မြို့မှာ ကုမ္ပဏီ ၆၂၇ ကို လုပ်ကွက်ပေါင်း ၇၇၁၄ ကွက်၊ ကုမ္ပဏီ ၂၃၀ ခုကို အစိုးရနဲ့ အကျိုးတူလုပ်ကွက် ၃၁၁ ကွက် ချထားပေးပြီး ကျောက်စိမ်းတူးဖော်ခွင့် ပြုထားပါတယ်။

ကျားမဖြစ်တည်မှု ရင်းမြစ်များ women 2 copy

RFA

အစိုးရအနေနဲ့ အမျိုးသမီးတွေ အကြမ်းဖက်ခံရမှုကို အကာအကွယ်ပေးနိုင်ဖို့အတွက် နှစ်ရှည်စီမံကိန်းတွေ ရေးဆွဲ ထားပေမယ့် လက်တွေ့အကောင်ထည်ဖော်မှု မရှိကြောင်း အမျိုးသမီးအဖွဲ့အစည်းတွေက ပြောပါတယ်။ ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ် Orchid Hotelမှာ ကျင်းပတဲ့ “ မြန်မာနိုင်ငံရှိ အမျိုးသမီးများအပေါ် အကြမ်း ဖက်မှုတားဆီးကာကွယ်ခြင်း၊ တုန့်ပြန်ဆောင်ရွက်ခြင်း ဆိုင်ရာ ၀န်ဆောင်မှုများနဲ့ အမျိုးသမီးများ ရယူနိုင်မှု” အစီရင်ခံစာထုတ်ပြန်ပွဲ နဲ့ သတင်းစာရှင်းလင်းပွဲမှာ ပညာ့ရှေ့ဆောင်အဖွဲ့က ဒေါ်လွေးအေးနန်း က ပြောပါတယ်။

ကျားမဖြစ်တည်မှု ရင်းမြစ်များ women copy

Irrawaddy

သမ္မတ အဖြစ် ရွေးကောက်ခံရသူ ဦးထင်ကျော်က တင်သွင်းသည့် တိုင်းနှင့် ပြည်နယ် ဝန်ကြီးချုပ်စာရင်းတွင် အမျိုးသမီး ဝန်ကြီးချုပ် ၂ ဦး ပါဝင်လာသဖြင့် လာမည့် အစိုးရသစ်အဖွဲ့တွင် အမျိုးသမီးအရေးကို ပိုမို လုပ်ဆောင်လာနိုင်မည်ဟု အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူများက မျှော်လင့်နေကြသည်။ တိုင်းနှင့် ပြည်နယ် ဝန်ကြီးချုပ်စာရင်း တင်သွင်းခံရသည့် အမျိုးသမီးဝန်ကြီးချုပ် ၂ ဦးမှာ ကရင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ဒေါ်နန်းခင်ထွေးမြင့်နှင့် တနင်္သာရီတိုင်း ဝန်ကြီးချုပ်အဖြစ် ဒေါက်တာ လဲ့လဲ့မော်တို့ ဖြစ်ကြသည်။

ကျားမဖြစ်တည်မှု ရင်းမြစ်များ women pic 1 copy

7 Daily

ကုလသမဂ္ဂ၏ အမျိုးသမီးများအကြမ်းဖက်မှုကာကွယ် တားဆီးရေးစာချုပ် (CEDAW-စီ ဒေါ) တွင် မြန်မာနိုင်ငံက လက်မှတ်ပါဝင်ရေးထိုးထားပြီး အစိုးရအနေဖြင့် လိုက်နာကျင့်သုံးရမည့် ကျင့်ဝတ်များနှင့်လုပ်ဆောင်ရမည့် ကတိက၀တ်များရှိသော်လည်း အမျိုးသမီးများအိမ်တွင်းအကြမ်းဖက်မှုများနှင့် အဓမ္မပြုကျင့်ခံရမှုများကြုံတွေ့နေရဆဲဖြစ်ကြောင်း ကျားမရေးရာကျွမ်းကျင်သူ UNDP၏  Gendar Specialist ဒေါ်စန္ဒာသန့်က ပြောသည်။ ‘‘တချို့ကျေးရွာတွေမှာဆို အဓမ္မကျင့်ခံရတဲ့အမျိုးသမီးက ရွာဆေးဖို့အတွက် တစ်ရွာလုံးကို ခေါင်ရည်တိုက်ရတယ်။ တချို့ဒေ သတွေမှာဆို အဓမ္မပြုကျင့်ခံရတဲ့ အမျိုးသမီးကို အဓမ္မပြုကျင့်တဲ့အ မျိုးသားနဲ့ ပေးစားလိုက်ကြတယ်။”

ကျားမဖြစ်တည်မှု ရင်းမြစ်များ women pic 1 copy

Irrawaddy

ပြည်တွင်းစစ် ချုပ်ငြိမ်းရေး မလုပ်ဆောင်နိုင်ခြင်းကြောင့် စစ်ပွဲများဖြစ်ပွားရာ ဒေသအတွင်းရှိ အမျိုးသမီးများ အကာအကွယ်မဲ့ပြီး ဒုက္ခဆင်းရဲကြုံတွေ့နေရဆဲ ဖြစ်သည်ဟု အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) (WLB) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ စစ်ပွဲနှင့် ပဋိပက္ခများအတွင်း တိုင်းရင်းသူ အမျိုးသမီးများအား မုဒိန်းပြုကျင့်မှု၊ ရာဇ၀တ်ပြစ်မှုများ ကျူးလွန်ခဲ့ကြသည့် စစ်တပ်မှ တာဝန်ရှိသူများ၊ ရဲဘော်များအား ထိရောက်သည့် အပြစ်ပေး အရေးယူမှုများလည်း မရှိသေးကြောင်း WLB ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကျားမဖြစ်တည်မှု ရင်းမြစ်များ KWO-logo 4 copy

KIC News

အစိုးရနှင့် တိုင်းရင်းသားအဖွဲ့တို့ အကြား ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေး ဖြစ်စဉ်အတွင်း အမျိုးသမီးများပါဝင်မှု အခန်းကဏ္ဍနှင့်ပတ်သက်၍ စစ်မှန်သည့် တန်းတူညီမျှမှုကို အကောင်အထည်ဖော်ပေးရန် တောင်းဆိုလိုက်သည်။ KWO အတွင်းရေးမှူး နော်ကညောဖောက “တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အစိုးရကြား ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ အမျိုးသမီးတွေ အနည်းဆုံး (၃၀) ရာခိုင်နှုန်းပါဝင်နိုင်ဖို့အတွက် သဘောတူထားတာ ရှိတယ်။

ကျားမဖြစ်တည်မှု ရင်းမြစ်များ timthumb cpy

Irrawaddy

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အမျိုးသမီးများ ပိုမို ပါဝင်ဆောင်ရွက်ခွင့် ရရန် အမျိုးသမီးရေး လှုပ်ရှားသူများ၊ အမျိုးသမီးများ ဦးဆောင်သော ငြိမ်းချမ်းရေး လှုပ်ရှားသည့်အဖွဲ့များက ၃ ရက်ကြာ မဟာဗျူဟာကျကျ ဆွေးနွေးပွဲတခုကို ထိုင်းနိုင်ငံ မြောက်ပိုင်းရှိ ချင်းမိုင် (ခေါ်) ဇင်းမယ်မြို့တွင် ဖေဖော်ဝါရီ ၂၇ မှ ၂၉ ရက်နေ့ အထိ ကျင်းပခဲ့သည်။ ထိုဆွေးနွေးပွဲကို လူမှုအသိုင်းအ၀ိုင်းအတွင်း ငြိမ်းချမ်းရေး စကားဝိုင်းများ ဆောင်ရွက်နေသည့် ငြိမ်းဖောင်ဒေးရှင်းက ဦးဆောင် ကျင်းပခြင်း ဖြစ်သည်။

ကျားမဖြစ်တည်မှု ရင်းမြစ်များ Women

Irrawaddy

လာမည့်အစိုးရသစ် လက်ထက်၌ အမျိုးသမီးဝန်ကြီးဌာန ထားရှိရန် ဆောင်ရွက်ပေးသင့်ကြောင်း အမျိုးသမီး လွှတ်တော် ကိုယ်စား လှယ်လောင်းများက အကြံပြု ဆွေးနွေးမှု ပြုလုပ်သည်။ နေပြည်တော်၌ ဒီဇင်ဘာ ၁၄ ရက်နှင့် ၁၅ ရက်က ကျင်းပသည့် “ရွေးကောက်ပွဲတွင် အမျိုးသမီး ပါဝင်မှုအား လေ့လာတွေ့ရှိချက်များကို ဆွေးနွေးတင်ပြခြင်းနှင့် ပါတီစုံ စကားဝိုင်း”တွင် အကြံပြုဆွေးနွေးခြင်း ဖြစ်ကြောင်း အမျိုးသမီး ကိုယ်စားလှယ်များက ပြောသည်။ ထို အမျိုးသမီး စကားဝိုင်းကို ဒိန်းမတ်နိုင်ငံ အခြေစိုက် Danish Institute for Parties and Democracy (DIPD) ဦးဆောင်၍ လူမှု အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီ ၁၈ ပါတီမှ အမျိုးသမီး ၄၀ ပါဝင်ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

ကျားမဖြစ်တည်မှု ရင်းမြစ်များ 2015-09-03 18_00_27- - Burma News International

BNI

မြို့နှင့်အလှမ်းဝေးပြီးမဖွံ့ဖြိုးသည့်ဘဝတွင်မွေးဖွားသူသည်စာရေးတတ်ဖက်တတ်ရုံနှင့်ဤမျှသိမြင် လုပ်ဆောင်နိုင်သည်ဆိုလျှင်သူ့ဒေသဖွံ့ဖြိုးတိုးတက်ပြီးအတန်းပညာကုန်အောင်သင်ခဲ့ရလျှင်မစိန် မြင့်လည်းယနေ့အရွေးချယ်ခံလွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီးနိုင်ငံကိုခေါင်းဆောင်မည့်သူ ဖြစ်မ လာနိုင်ဟုမည်သူမျှမပြောနိုင်ပေ။  

ကျားမဖြစ်တည်မှု ရင်းမြစ်များ SMRL-1

Irrawaddy

ကျယ်ဝန်းသည့် အခန်းတခုအတွင်းရှိ စားပွဲဝိုင်းကြီးတွင် ထိုင်ကာ အမျိုးသားများစွာနှင့်အတူ ရင်ဘောင်တန်း ငြိမ်းချမ်းရေး ဆွေးနွေးနေသည့် အမျိုးသမီးတဦး ရှိနေသည်။ထိုအမျိုးသမီး သည် တိုင်းရင်းသား လက်နက်ကိုင်များနှင့် အစိုးရ အကြား ငြိမ်းချမ်းရေး ဖော်ဆောင်သည့် ဆွေးနွေးပွဲတွင် ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP) ကိုယ်စားပြု အနေဖြင့် ပါဝင်နေ သည့် ရခိုင်တိုင်းရင်းသူ ဒေါ်စောမြရာဇာလင်း ဖြစ်ပါသည်။

ကျားမဖြစ်တည်မှု ရင်းမြစ်များ Women-Empowerment

Irrawaddy

နိုင်ငံရေးပါတီများကယခုရွေးကောက်ပွဲတွင် အမျိုးသမီးများ ပိုမိုပါဝင်လာရေးကို ဦးစားပေးမည် ဟုပြောကြားခဲ့ ကြသော် လည်း ၎င်းတို့၏ ကိုယ်စားလှယ်လောင်းအမည်စာရင်းများနောက်ဆုံး တင်သွင်းရမည့်ရက် နည်းကပ်လာသည့် အချိန် တွင် ကျားနှင့်မ ညီမျှမှု မရှိသည်ကိုတွေ့ရသည်။ ကိုးကား။ ။ ဧရာဝတီ ၂၀၁၅ သြဂုတ် ၄ တွင်ထုတ်ဝေသည်။

ကျားမဖြစ်တည်မှု ရင်းမြစ်များ Sexual-violence-opinion-1

Irrawaddy

အင်ဂျလီနာဂျိုလီ၏ ၄ ရက်တာခရီးစဉ်တွင် ကာလကြာမြင့်စွာပဋိပက္ခ ဖြစ်ပွားနေသည့်နေရာ တွင် နေထိုင်လျက်ရှိသည့် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ ထိခိုက်နစ်နာလွယ်မှု၊ လိင်အကြမ်းဖက်ခံရမှု၊ လူကုန်ကူးခံရမှုနှင့် တခြားသောလူ့အခွင့်အရေးချိုးဖောက်ခံရမှုများ ကိုအာရုံစိုက် အလေးပေးရန် အားပေးကူညီခဲ့ပါသည်။ ကိုးကား။ ။ ဧရာဝတီ ၂၀၁၅ သြဂုတ် ၁၁ တွင်ထုတ်ဝေသည်။