Browsing: ဒေသဆိုင်ရာ သတင်း

mm_CDD_2

ပါဝင်သောအကြောင်းအရာများ :

– စာစောင်များ ကိုလူ့သိုက်မြုံများ နားလည်နိုင်စွမ်း ပိုမိုမြင့်တက်လာစေရန် ဖန်တီးထားသည်။

မိမိကိုယ်တိုင်လေ့လာခြင်း လေ့ကျင့်ခန်းများက လူ့အဖွဲ့အစည်းထဲတွင် ကျွမ်းကျင်မှုများ ပိုမိုတိုးတက်ကောင်းမွန်ရန် အထောက်အကူဖြစ်စေသည်။

– ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင်ပါဝင်ပတ်သက်နေသော လူ့အဖွဲ့အစည်းများ၏အကျိုးရှိရာရှိကြောင်းဖြစ်ရပ်များ

– ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင်ပါဝင်ပတ်သက်နေသောလူ့အဖွဲ့အစည်းများ၏အကျိုးရှိစေမည့် သတင်းအချက်အလက်များ

intro cover 3 (1)နိုင်ငံရေးမိတ်ဆက်နိဒါန်းသည် ဒေသဆိုင်ရာဖွံ့ဖြိုးရေးဖောင်ဒေးရှင်းနှင့်EPRP တို့ကကျင်းပပြုလုပ်ခဲ့သော အလုပ်ရုံဆွေးနွေးပွဲသို က်ရောက်လာသူများ၏ တောင်းဆိုချက်ကို ဖြည့်ဆည်းပေးသောအားဖြင့် ဒေသဆိုင်ရာဖွံ ဖြိုးရေးဖောင်ဒေးရှင်းအဖွဲ ဒါရိုက်တာ ဒေါက်တာအလန်စမစ် ပြင်ဆင်ပြုစုခဲ့သော စာတမ်းတွဲများဖြစ်သည်။နိုင်ငံရေးအကြောင်း နားလည်စေရန်နှင့် တွေးခေါ်နိုင်စေရန်အတွက် ပြုစုထားသည်။စာတမ်းတခုချင်းစီသည် အတိုချုပ်ဖော်ပြချက်များဖြစ်ပြီး နားလည်လွယ်စေမည့်နည်းလမ်းဖြင့် အသုံးဝင်သော အချက်အလက်များဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်ပါသည်။
cover-4EPRP မိမိဘာသာ လေ့လာသင်ယူရေးသင်ရိုး ပေါင်းသင်းဆက်ဆ့ရေး ဆိုသည်မှာ အခြားသူများနှင့် သတင်းအချက်အလက်များ အောင်မြင်စွာဖလှယ်ရေးဖြစ်ပြီး ၎င်းတို့ဖလှယ်သော သတင်းအချက်အလက်နှင့် ခံစားချက်များကို နားလည်နိုင်စွမ်းရှိအောင် လုပ်ပေးခြင်းဖြစ်သည်။ယခု မိမိဘာသာလေ့လာသင်ယူရေး စနစ်သည် သင်၏ပေါင်းသင်းဆက်ဆံရေးကျွမ်းကျင်မှုများကို တိုးတက်ကောင်းမွန်စေမည့်နည်းလမ်းဖြစ်ပါသည်။လူအများအပြားအတွက် အသုံးတည့်စေရန် ရည်ရွယ်ပြီး အထူးသဖြင့် လေ့လာလုပ်ကိုင်နေသူများအတွက်ရည်ရွယ်ပါသည်။သင်ရိုးတွင် မိမိကိုယ်ကိုယ်ဆန်းစစ်ခြင်း လေ့ကျင့်ခန်းများပါဝင်သဖြင့် ပေးထားသည့် အချက်အလက်များကို သင်နားလည်ဖြင်း ရှိ မရှိ ဆန်းစစ်နိုင်ပါသည်။
reports writing cover 1လူ့အဖွဲ့အစည်း အသင်းအပင်းများအတွက် အစီရင်ခံစာများသည် မည်သည့်အတွက်ကြောင့်အရေးပါကြောင်းကို ယခု သင်ရိုးကရှင်းပြထားပြီး အစီရင်ခံစာအမျိုးအစားများ၊အစီရင်ခံစာဖွဲ့စည်းပုံများ တင်ပြထားကာ အသုံးတည့်သော အစီရင်ခံစာ မည်သို့ပြင်ဆင်ရပုံကို လမ်းညွှန်ပေးထားသည်။
drugs1အပစ်အခတ်ရပ်ဆဲရေး နေရာဒေသများတွင် မူးယစ်ဆေးဝါကို ရောင်းဝယ်ဖောက်ကားမှုနှင့် အသုံးပြုမှုများ ပေါ်ပေါ်ထင်ထင်ပြုလုပ်နေခြင်းကို အဓိက ပြသနာတရပ်အဖြစ် ဆန့်ကျင်ကာကွယ် တားဆီးရနှင့် တိုက်ဖျက်ရေးစီမံကိန်းများအဖြစ် မူးယစ်ဆေးဝါးနှင့်ပတ်သက်သော ကြေငြာစာတမ်း သုံးစောင်ကို EPRP မှတာဝန်ယူထုတ်ပြန်ခဲ့ပါသည်။ ယင်းစာတမ်းတွင် အရက်နှင့်မူးယစ်ဆေးဝါးဆိုတာ ဘယ်လိုမျိုးလဲ ဆိုတာတွေနှင့် မူးယစ်ဆေးဝါးရဲ့ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးကိုသုံးစွဲခြင်းကြောင့် လူပတ်ဝန်းကျင်အသိုင်းအ၀ိုင်းအတွင်း ဖြစ်ပေါ် လာစေနိုင်သော ပြသနာများကို ရေးသားဖော်ပြခဲ့ပါသည်။  ယင်းကဲ့သို့ မူးယစ်ဆေးဝါး၏ ဆိုးကျိုး များနှင့် အပြစ်များကို အခြားအဖွဲ့အစည်းများမှ တင်ပြချက်များကိုလည်း ကိုးကားဖော်ပြ ထားပါသည်။
mpsi-pic-sMyanmar Peace Support Initiative က နှစ်နှစ်ကြာလေ့လာပြုစုထားသော  မြန်မာ့ငြိမ်းချမ်းရေး အထောက်အကူပြု စာတမ်းကို  အောက်ပါလင့်ခ်တွင် ဒေါင်းလုပ် လုပ်ပြီး ဖတ်ရှုနိုင်ပါသည်။